Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် လာမည့် ဇန်နဝါရီလတွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဧည့်စာရင်းစစ်ရန် ပြင်ဆင်နေ

စစ်ကောင်စီတပ်မှ ရွေးကောက်ပွဲပြုလုပ်မည့်ရည်ရွယ်ချက်ဖြင့် လာမည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရခိုင်ဒေသတစ်ဝှမ်းလုံးတွင် ဧည့်စာရင်းစစ်ရန် စစ်ကောင်စီမှ စီစဉ်နေကြောင်း သိရသည်။

ဧည့်စာရင်းစစ်ရန် အဖွဲ့ပေါင်း ၁၂၉၀ နှင့် အဖွဲ့ဝင်ပေါင်း ၆၉၄၀ဦးကို ကွင်းဆင်းစာရင်းကောက်ရန်ဖွဲ့စည်းထားသည်။ ထို့အပြင် (နစက)၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲမှ အချက် (၅)ဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ရန် မဲစာရင်းပြုစုဖို့အတွက်လည်း ထိုသို့အဖွဲ့များဖွဲ့စည်းကာ ကွင်းဆင်းပြီး ရခိုင်တစ်ပြည်လုံးအနှံ့ ဧည့်စာရင်းကောက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၀ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ Working Groupများ မြေပြင်ဆင်းပြီး ဧည့်စာရင်းကောက်ရန်အတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ရဲ့ လူဦးရေစာရင်းအတိအကျထွက်လာမှာမို့ ပြည်နယ်နဲ့ ပတ်သတ်တဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဆွဲရာမှာ အထောက်အကူဖြစ်လာမှာ သေချာပါတယ် ဦးလှသိန်းကဆိုသည်။

စစ်ကောင်စီက ပြုလုပ်ရန် စီစဥ်နေသည့် ရွေကောက်ပွဲကို၂၀၂၃ခုနှစ် သြဂုတ်လတွင် ပြုလုပ်မည် သိရသည်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ယနေ့ ဒီဇင်ဘာ ၂၆ ရက် ဗွီအိုအေမြန်မာနံနက်ပိုင်းတွင် စစ်ကောင်စီက ဦးစီးကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး ရွေးကောက်ပွဲဖြစ်နိုင်၊ မဖြစ်နိုင်ကို နှစ်ပိုင်းခွဲခြား၍ သူ၏အမြင်ကို ဖော်ပြထားပါသည်။

လုပ်နိုင်မယ့် အခြေအနေကို နှစ်ပိုင်းခွဲပြောရမှာပေါ့၊ တစ်ပိုင်းကတော့ ရွေးကောက်ပွဲကော်မရှင်က မဲရုံတွေအတွက် လိုအပ်တဲ့ပစ္စည်တွေ၊ နောက်တစ်ခါ ရွေးကောက်ပွဲစနစ်ကိုလည်း PRစနစ်ပြောင်းမယ်ဆိုတော့ အဲဒါတွေကို ရွေးကောက်ပွဲကော်မရှင်က လုပ်နေတဲ့သတင်းတွေ ကြားနေရပါတယ်။ နယ်မြေအခြေအနေ၊ နိုင်ငံရေးပါတီတွေဘက်ကနေပြီးတော့ စည်းရုံးရေးဆင်းနိုင်မယ့်အခြေအနေ၊ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားနိုင်မှု အခြေအနေတွေကတော့ အခုလက်ရှိအချိန်ထိ အခြေအနေပေးနေတယ်လို့ ကောင်းတယ်လို့ မမြင်ရသေးပါဘူး ဟု ၎င်းက သုံးသပ်ပြောဆိုထားသည်။

ရခိုင်ပြည်ရှိ ပါတီအများစုမှာလည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်မှစကာ ရခိုင်ပါတီအများစု၏ လှုပ်ရှားမှုမှာ ငြိမ်သက်သွားခဲ့သည့်အပြင် လက်ရှိ စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက်လည်း ရခိုင်ပါတီများ၏ လုပ်ဆောင်ကြိုးပမ်းမှုများကို မတွေ့ရှိရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်