Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ရေလွှမ်းမိုးမှုကြောင့် လူ ၆ဦးသေဆုံး၍၊ တိရစ္ဆာန် ၁၃၉ ကောင်သေဆုံးပြီး၊ လယ်ဧက ၇ သောင်းကျော်ပျက်စီးသွားသည်ဟု ULA/AAထုတ်ပြန်

ABN-ရှိုင်းမိုး

သြဂုတ် ၁၄ရက်

ဇူလိုင်လ ၃၁ရက်နေ့မှစ၍ ရက္ခိုင်ပြည်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ မြစ်ရေမြင့်တတ်မှုကြောင့် ရေလွှမ်းမိုးခံရသော မြို့နယ်များတွင် လူ၊ ကျွဲ၊ နွား တိရစ္ဆာန် သေဆုံးမှုနှင့် နေအိမ်၊ တံတား၊ ရေကန်နှင့် စပါးစိုက်ခင်းများပျက်စီးဆုံးရှုံးမှုကို ULA/AAမှ ယနေ့ ထုတ်ပြန်လိုက်သည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ကုတ် စသည့်မြို့နယ်များသည် ရေလွှမ်းမိုးခံရသော မြို့နယ်များဖြစ်ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ ၉ရွာရှိနှင့် အိမ်ခြေ ၃၆၉ လုံး ရေလွှမ်းမိုးခံရပြီး အမျိုးသား ၁ဦးသေဆုံးခဲ့သည်ဟုထုတ်ပြန်ထားသည်။

ထိုနည်းအတူ ကျွဲ ၂ကောင်၊ နွား ၅ကောင်၊ ဆိတ် ၈ကောင်နှင့် ဝက် ၁၀ ကောင်သေဆုံးပြီး တံတား ၂စင်းနှင့် တာတမံ ၂ခု ပျက်စီးပြီး လယ်ဧက ၅၉၄ဧကပျက်စီးသွား၍ ကွမ်းပင်များ ၅၀၀၀ ပျက်စီးသွားခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် ကျေးရွာ ၅ရွာမှ အိမ်ခြေ ၁၁ လုံး ရေလွှမ်းမိုးခံခဲ့ရပြီး တံတား ၁ စင်းပျက်စီးခဲ့ကာ တာတမံ ၃ ခုကျိုးပဲ့ပျက်စီးသွားသည်ဟုသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာပေါင်း ၃၂ရွာမှ အိမ်ခြေ ၄၃၈ လုံးရေလွှမ်းမိုးခဲ့ပြီး ရေကန် ၁ကန် ပျက်စီး၍ လယ်ဧကပေါင်း ၂၃၈၂၅ ဧကရေဘေးသင့်ဒဏ်ခံခဲ့ရသည်။

အလားတူ ကျောက်တော် မြို့နယ်တွင် ကျေးရွာ ၁၂၈ရွာထဲမှ နေအိမ် ၁၀၇၈၉ လုံးရေနစ်မြုပ်ခဲ့ပြီး နွား ၁၅ကောင်နဲ့၊ ကျွဲ ၇ကောင်သေဆုံး၍ ရေကန် ၃ကန်အပါဝင် လယ်ဧက ၁၂၅၈၁.၀၈ ဧက ရေလွှမ်းမိုးခံခဲ့ရသည်။

မင်းပြားမြို့နယ်တွင်လည်း ဒေသခံ ၃ ဦးသေဆုံး၍ ကျေးရွာ ၁၂၉ရွာထဲမှ နေအိမ် ၁၃၉၂၂ လုံးရေနစ်မြုပ်၍ ရေကန် ၈၁ ကန်အပါဝင် လယ်ဧက ၂၅၃၅၂ ဧက ရေလွှမ်းမိုးခဲ့သည်။

မြောက်ဦးမြို့နယ်တွင် ကျေးရွာ ၈၆ရွာထဲမှ နေအိမ် ၂၄၉၆ လုံးရေနစ်ပြီး ဒေသခံ ၂ဦးအပါဝင် နွား ၉၂ ကောင်သေဆုံးပြီး လယ်ဧက ၈၁၈၅.၂၆ဧက ရေလွှမ်းမိုးခဲ့သည်။

တောင်ကုတ်မြို့နယ်တွင်လည်း ကျေးရွာ ၁ရွာရေဘေးသင့်ခဲ့ပြီး အိမ်ခြေ ၄၇ လုံး ရေလွှမ်းမိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ရခိုင်တွင် ရေလွှမ်းမိုးမှုကြောင့် ရွာစုစုပေါင်း ၃၉၀၊ အိမ်ခြေ ၂၈၀၇၂ လုံးနှင့် ဒေသခံပြည်သူ ၆ဦးသေဆုံး၍ တိရစ္ဆာန် စုစုပေါင်း ၁၃၉ ကောင်သေဆုံးခဲ့ပြီး ရေကန် ၈၅ကန်ပျက်စီး၍ တံတား ၃စင်းနဲ့ တာတမံ ၅ ခုပျက်စီးခဲ့ပြီး လယ်ဧကပေါင်း ၇၀၅၃၇.၃၄ ဧကအပါဝင် ကွမ်းပင် ၅၀၀၀ ပျက်စီးခဲ့သည်ဟု ULA/AAမှ ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ