Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ယမန်နေ့ညက စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျည်ကျ၍ ၅ ဦးဒဏ်ရာရ

AB News-နိုဝင်ဘာ ၁၄၊ ၂၀၂၃

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ညက စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ မင်းပြားမြို့၊ ရသေ့တောင်မြို့များသို့ ကျရောက်ပြီး အရပ်သား ၅ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ မင်းပြားမြို့၊ ဥက္ကံပျံရပ်ကွက်မှ ၄ ဦး၊ ၎င်းတို့မှာ အသက် ၆၉ နှစ်အရွယ် ဒေါ်ဆူးနူး၊ အသက် ၇၀ အရွယ် ဒေါ်ရွှေနု၊ အသက် ၄၅ အရွယ် ဒေါ်အေးခိုင်၊ အသက် ၁၃ အရွယ် မ၀င်း၀င်းလှိုင် နှင့် ရသေ့တောင်မြို့မှ အသက် အသက် ၄၅ အရွယ် ဒေါ်စိုးသန္ဒာ တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များသည် မင်းပြားမြို့အခြေစိုက် ကျိန်းတောင်တပ်ရင်းမှ ည ၁၁ နာရီကျော်မှ ၁၂ နာရီ ၇ မိနစ်အထိ လက်နက်ကြီး အချက်ပေါင်း ၁၇ ချက်ပစ်ခတ်ခဲ့ရာနေအိမ်များအတွင်းကျရောက်ပေါက်ကွဲကာ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မင်းပြားမြို့ ဥက္ကံပျံရပ်ကွက်ရှိ နေအိမ်အချို့တွင်လည်း လက်နက်ကြီးကျည်စများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့နယ် ရေစိုးချောင်း ဗျူဟာကုန်းမှ လက်နက်ကြီးကျည်လှမ်းပစ်ခဲ့သည့်အတွက် မြို့ခံပြည်သူ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ