Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် မုန်တိုင်းအလွန် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များလာနေ ၊ ဂရုတစိုက် ကာကွယ်ကုသရန်လိုအပ်ဟု သတိပေး

ရခိုင်တွင် မုန်တိုင်းအလွန် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များလာနေ ၊ ဂရုတစိုက် ကာကွယ်ကုသရန်လိုအပ်ဟု သတိပေး

ABN -ရာဟု

ဇူလိုင် ၁၀ရက်

ရခိုင်ပြည်တွင် မုန်တိုင်းအလွန် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ ပိုအဖြစ်များလာနေပြီး ဂရုတစိုက် ကာကွယ် ကုသရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက အကြံပြုထားသည်။

မိုးတွင်း ရေမြောင်း၊ ရေကန်ဆိုးများတွင်ခြင်များ ရှင်သန်ပေါက်ဖွားလွယ်ကူနိုင်သည့် ကာလဖြစ်သဖြင့် ရခိုင်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူဦးရေမှာ ပိုမိုများပြားလာသည်ကိုတွေ့ရသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ အသက် ၁၅နှစ်အောက် ကလေးငယ်များ အများဆုံး ဖြစ်ပွားနိုင်ပြီး ခြင်ကျားများအကိုက်ခံရခြင်းမှ တစ်ဆင့်ဗိုင်းရပ်ရောဂါပိုး ကူးစက်ခံရခြင်းဖြစ်ကာ ရောဂါပြင်းထန်လာက အသက်ပါဆုံးရှုံးစေနိုင်သည်ဟု သိရသည်။

မုန်တိုင်းကြောင့် သစ်ပင်များ လဲပြိုလဲကျပြီး ရေတွင်း ရေကန်များထဲသို့ သစ်ရွက်များနှင့် တခြားအမှိုက်သရိုက်များ ဝင်ရောက်ကာ ရေများသန့်ရှင်းမှုမရှိခြင်းနှင့် ရေမြောင်းများတွင် အမှိုက်များစုပြုံနေခြင်းတ်ို့ကြောင့် ရောဂါပိုးများသယ်ဆောင်လာနိုင်သည့် ခြင်ပေါက်ဖွှားမှုနှုန်းမြင့်မားကာ ရောဂါကူးစက်သူများလာသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ကျန်းမာရေးမှူး ဦးမြတ်ကျော်က ABN သို့ပြောဆိုသည်။

“အဓိက ရေမသန့်ရှင်းတာကဖြစ်တာပါ၊ မုန်တိုင်းကြောင့် အမှိုက်တွေအများကြီးနေရာတိုင်းမှာ ကျန်ခဲ့တာ၊ ရေတွင်းရေကန်တွေရော့ ရေမြောင်းတွေပါ၊အဲနေရာမှာ ခြင်ပေါက်ဖွားမှုတွေဖြစ်ပြီးတော့ ရောဂါပိုးကူးစက်မှုတွေ ပိုဖြစ်စေတာ” ဟုပြောသည်။

ဇွန်လအတွင်းက ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ကျောက်ဖြူမြို့တွင် ၁၀၄ ဦး၊ မြောက်ဦးတွင် ၃၆ဦး၊ တောင်ကုတ်တွင် ၆၃ဦး၊ပုဏ္ဏားကျွန်းတွင် ၄၄ ဦး ၊စစ်တွေတွင် ၆၉ဦးအပါအဝင် တစ်ခြားမြို့နယ်များတွင် လည်း ၅ဦးမှ ၁၀ဦးအထိ ဖြစ်ပွားမှုများရှိခဲ့ကာ ဇူလိုင်လ ၈နေ့ကလည်း သွေးလွန်တုပ်ကွေးရောဂါဖြင့်မြေပုံမြို့နယ်မှ အသက်၅ နှစ်အရွယ် မသဇင်ဖြိုး သေဆုံးသွားခဲ့ရသည်။

သွေးလွန်တုပ်ကွေးဖြစ်လျှင် ရုတ်တရက် အဖျားတက်လာခြင်းနှင့် အတူခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ အစာမစားချင်ဖြစ်ခြင်းနှင့် အစက်အပြောက်များပေါ်လာခြင်းတို့ဖြစ်လာတတ်ပြီး ၎င်းလက္ခဏာများဖြစ်လာလျှင် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ပြသရန် လိုအပ်သည်ဟု မြောက်ဦးမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသူ ကျန်းမာရေးဝန်ထမ်းနေသည့် ဦးထွန်းမင်းက ပြောဆိုသည်။

” ချက်ချင်းအဖျားတက်တာနဲ့ခေါင်းကိုက်တာ၊နာကျင်ကိုက်ခဲ့တာ၊ပျ်ို့အန်ချင်တာ၊ အစက်အပြောက်နဲ့ အစာမစားချင်တာတွေ ဖြစ်တတ်တယ်၊ အဲလို လက္ခဏာတွေပြရင် ဆေးရုံ ဆေးခန်းတွေက်ို သွားပြသင့်တယ်” ဟုဆိုသည်။

ရခိုင်တွင် ယခုနှစ် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားပြီး ဆေးရုံးတက်ရောက်ကုသခဲ့သူ ကလေးငယ် ၄၂၆ ဦးအထိ ရှိလာသည်ဟု စစ်ကောင်စီ ပြောရေဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသ်ိန်းက ပြောဆိုထားသည်။

သွေးလွန်တုပ်ကွေရောဂါနှင့် တစ်ခြားဆက်စပ်ရောဂါများ ကာကွယ်ရန် ခြင်များမပေါက်ပွားနိုင်စေရန်အတွက် နေအိမ်ပတ်ဝန်းကျင်ရှိ ရေတွင်းရေကန်များနှင့် ရေမြောင်းများကို ပိုးလောက်လန်းများ မပေါက်ပွားနိုင်စေရန် သန့်ရှင်းထားရန်လိုအပ်ကာ ပန်အိုးများရှိ ရေများကို ၃ရက်တစ်ခါ လဲပေးကာ အမှိုက်သရိုက်များကို သန့်ရှင်းရေးများပြုလုပ်ထားသင့်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ