Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် မုန်တိုင်းဒဏ်ကြောင့် ဒညှင်း၊ သရက်နှင့် ပိန္နဲသီးများအပါအဝင် ဥယာဥ်ခြံမြေထွက် သီးနှံများ ရှားပါကာ စျေးကောင်းရနေ

ABN-ရာဟု

ဇွန် ၂၄ ရက်

ရခိုင်တွင် မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့်ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒညှင်းသီ၊ သရက်သီးနှင့် ပိန္နဲသီးများအပါအဝင် ဥယာဥ်ခြံမြေထွက် သီးနှံများရှာပါးကာ စျေးကောင်းရနေသည်ဟု သိရသည်။

သရက်သီးတစ်လုံးကို ယနှစ်ကထက် အနည်းဆုံးငွေ ၄၀၀ကျပ်အထိ စျေးတက်နေပြီး အခြားသီးနှံများမှာလည်း ငွေ ၅၀၀ မှ၈၀၀ ကျပ် အထိ စျေးပိုတက်နေကြသည်ဟု မြောက်ဦးစျေးတွင် သစ်သီးရောင်းချနေသူတစ်ဦးက ပြောသည်။

“ကျနော့်ခြံမှာ သရက်က အပင်၂၀၀ရာကျော်ရှိတယ်၊ ပိန္နဲက အပင်၅၀ ကျော်၊ဒညှင်းပင် ၈၀နှင့် တခြားအပင်တွေပါရှိတယ်၊ အသီးတွေအကုန်သီးနေကြပြီး မုန်တိုင်းတိုက်တာနဲ့ အကုန်ပါသွားတယ်၊ အိမ်လည်းပါသွားတော့ ခြံကိုလာမကြည့်နိုင်ဘူး၊ အပင်တွေလဲ အသီးတွေကြွေကျတော့ အကုန်ပုတ်ပြီး ပျက်စီးသွားတယ်” ဟုကျောက်တော်မြို့နယ်မှ ဥယာဥ်ခြံမြေ ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကျော်စိန်မောင်က ABN ကိုပြောဆိုသည်။

ကျောက်တော်မြို့နယ်ရှိ ဥယာဥ်ခြံမြေ စိုက်ပျိုးသူတောင်သူများမှာ မုန်တိုင်းကြောင့် ဒညှင်းပင်များ၊ သရက်ပင်များနှင့် ပိန္နဲပင်များလဲကျကာ ပျက်စီးသွားပြီး အသီးများမှာလည်း အကုန်ကြွေကျ၍ ပုတ်သိုးပျက်စီးသွားသည့်အတွက် ဥယာဥ်ခြံမြေတစ်ခုလုံး ပျက်စီးသွားခဲ့သည် ဟု သိရသည်။

ရာသီပေါ်သီးနှံများမှာ ယခင်နှစ်ထက် စျေးပိုတက်နေသော်လည်း ဝယ်ယူရန်ပင် အခက်အခဲ ဖြစ်နေကြောင်း ရသေ့တောင်မြို့နယ်မှ သစ်သီးရောင်းဝယ်ရေးလုပ်နေသူ ကိုမြတ်လင်းက ABN သို့ ပြောသည်။

“အသီးအနှံတွေကို အရင်လို ဥယာဥ်ခြံပိုင်ရှင်တွေဆီက မှာပြီးဝယ်လို့ မရတော့ဘူး၊ သူတို့ခြံတွေက သီးနှံပင်တွေ အကုန်ပြိုလဲ ပျက်စီးသွားတော့ ကျန်နေတဲ့အသီးတွေနည်းပြီး ဝယ်သူများတဲ့အတွက် ကိုယ်တိုင်သွားဝယ်ပြီး လိုက်စုဆောင်းရတယ်” ဟု ပြောသည်။

ရခိုင်တွင် မိုခါမုန်တိုင်းကြောင်း ရသေ့တောင်၊ ဘူသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦး၊ မင်းပြားစသည့်မြို့များရှိ ဥယာဥ်ခြဲမြေများရှိသည့်အနက် ၃ပုံ ၂ ပုံခန့်မှာ ပျက်စီးသွားခဲ့သည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ