Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး၊ ရေလွှမ်းမိုးမှုကြောင့် အရေးပေါ်အကူညီများလိုအပ်နေကြောင်း ULA/AAထုတ်ပြန်

ABN-ရှိုင်းမိုး

သြဂုတ် ၁၄ရက်

ဇူလိုင်လ ၃၁ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ ရခိုင်ပြည်၏ ထက်ဝက်နီးပါးမြို့နယ်များတွင် မြစ်၊ ချောင်းရေများ မြင့်တတ်လာမှုကြောင့် သြဂုတ်လ ၉ရက်နေ့ထိ ​ဒီရေမြင့်တတ်နေခဲ့သည်။

သြဂုတ်လ ၁၀ ရက်နေ့တွင် ရေဆက်လက်မြင့်တတ်မှုလျော့ကျလာခဲ့သည်။

အဆိုပါဒီရေသည် တချို့နေရာများတွင် ၁၀ပေ အထက်မြင့်တတ်နေခဲ့ပြီး၊ တချို့နေရာဒေသများတွင် ၁၅ ပေထိ ရောက်ရှိခဲ့ပြီး ဒေသ၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေခဲ့သည်။

ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့တွင် ရေလွှမ်းမိုးခံရမှုဒဏ်ကို အများဆုံးခံခဲ့ရသည်။

မြောက်ဦးမြို့ရှိ လေးမြို့မြစ်အပါဝင် မြစ်၊ ချောင်းတို့တွင် ရေမြင့်တက်မှုကြောင့် ကမ်းပါးများပြိုကျခြင်း၊ လူနေအိမ်များ၊ အဆောက်အအုံများ၊ ဆေရုံး၊ စာသင်ကျောင်း၊ သာသနိကအဆောက်အဦးများရေနစ်မြုပ်ခြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်များ သေဆုံးခြင်း၊ စပါးခင်းများရေမြုပ်ခြင်း၊ ပုစွန်ကန်များ၊ တာတမံ၊ ရေတွင်း၊ ငါးကန်များထဲသို့ ဆားငန်ရေဝင်သွားခြင်းများဖြစ်ပွားခဲ့သည်။

ထိုနည်းတူ တံတားအချို့ပျက်စီး၍ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းများနဲ့ရင်ဆိုင်နေကြရသည်။

ထိုရေကြီးမှုကြောင့် ဒေသခံ ၄ဦးရေနစ်သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ရက္ခိုင့်တပ်တော် ULA/AAမှ တပ်ဖွဲ့ဝင်များသည် မြစ်၊ ချောင်းရေစတင်မြင့်တတ်လာသည့်အချိန်မှစ၍ အရေးပေါ်အခြေနေရောက်ရှိနေသော ဒေသထံများကို ဘေးလွတ်ရာသို့ကူညီပို့​ဆောင်ပေးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ