Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည့် ကာလအတွင်း ကုန်ပစ္စည်းများကို ဈေးနှုန်း တိုးမြှင့်ရောင်းချမှုများရှိနေ

ရခိုင်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည့် ကာလအတွင်း ကုန်ပစ္စည်းများကို ဈေးနှုန်း တိုးမြှင့်ရောင်းချမှုများရှိနေ

ABN-မေအိအိအောင်

ရခိုင်ပြည်တွင် မေလ ၁၄ ရက်နေ့ ၌ မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောင်မည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်ရှိ မြို့နှင့် မြို့နယ်အချို့တို့တွင် ကုန်ပစ္စည်းများကို ဈေးနှုန်းမျာ တိုးမြှင့်ရောင်းချမှုများရှိနေ​ကြောင်း သိရသည်။

လက်ရှိတွင် အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားသည့် မိုခါ (MOCHA) မုန်တိုင်းသည် အခြားပြည်နယ်နှင့် တိုင်းများအပါအဝင် ရခိုင်ပြည်ကိုပါ ဝင်ရောင်မည်ဟု သိရသည်နှင့် တစ်ပြိုင်နက် ရခိုင်ပြည် စစ်တွေမြို့၊ ကျောက်တော်မြို့နှင့် အခြားမြို့နယ်များတွင် ကုန်ပစ္စည်း များကို ကြိုတင်ဝယ်ယူ နေကြရပြီး ယင်းပစ္စည်းများကို ယခင်ကထက် ဈေးပိုပေးပြီးဝယ်နေရကြောင်း အဆိုပါဒေသများ၌ နေထိုင်သူများ ပြောပြချက်အရသိရသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ ဈေးဆိုင်များတွင် ယခင်က မာမားခေါက်ဆွဲထုတ် ၁ ဖာလျှင် ၁၂၀၀၀ ကျပ်သာရှိခဲ့ရာမှ ယခု လက်ရှိတွင် ၁၆၀၀၀/၁၈၀၀၀ နီးပါးပေးဝယ်နေရကြောင်းနှင့် အခြားသော ဟင်းသီးဟင်းရွက်များလည်းဈေးတက်သွားကြောင်း ကျောက်တော်မြို့ပေါ်တွင် နေထိုင်သူ တစ်ဦးက ABN သို့ပြောသည်။

“ကျောက်တော်မှာလည်း ကုန်ဈေးနှုန်းတွေတက်နေတယ်။ အယင်ကဆို မာမား ခေါက်ဆွဲ တစ်ဖာကို ၁၂၀၀၀ ခန့်ပေးရတယ်။ ခု ယမ်ယမ် တစ်ဖာကို ၁၄၀၀၀/ ၁၆၀၀၀ နီးပါးပေးဝယ်နေရပါတယ်။ ဟင်းသီးဟင်းရွက်တွေဆိုရင်လည်း ဈေးတွေ တက်သွားပါတယ်” ဟု သူကပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၌ ယခင်က ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ၈ဝဝဝဝ ကျော်ကျခဲ့သော်လည်း ယခုအခါ ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ၉၀၀၀၀ ကျော် ၁၀၀၀၀၀ ကျော် အထိ ပေးနေရကြောင်းသိရသည်။

အလားတူ စစ်တွေမြို့တွင်လည်း ဓာတ်ဆီ တစ်လီတာကို ယခင်က ၂၆၀၀ ဈေးဖြင့် ဝယ်ယူခဲ့ရသော်လည်း ယခုအခါတွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၀၀၀ ကျော်ပေးရကြောင်း စစ်တွေမြို့ ဒေသခံတစ်ဦးကပြောသည်။

“ဈေးတွေတော့ အခုရက်ပိုင်းအကုန်တက်ပါတယ်။ ဓာတ်ဆီဈေးဆိုလည်း အယင်က ၂၆၀၀ကျပ် ခုဆိုရင် ၃၀၀၀ ကျော်နေပါပြီ၊ ဈေးထဲမှာလည်း ကော်ဖီဖူး တစ်ဖူးကို ၃၀၀၀ အထိ ဈေးတက်သွားပါတယ်” ဟု သူကဆိုသည်။

အင်အားအလွန်ပြင်းသည့် မိုခါ (MOCHA) မုန်တိုင်းဝင်ရောက်လာမည့်ကိစ္စကြောင့် ရခိုင်ပြည်တွင်းရှိ မုန်တိုင်းဒဏ်ပိုမိုခံစားရမည့်နေရာများ၊ ပင်လယ်ကမ်းရိုးတန်းဒေသမျာရှိ ကျေးရွာများမှ နေထိုင်သူများကို ရက္ခိုင့်တပ်တော် ULA/AAက ဘေးလွတ်လုံခြုံသည့်နေရာဒေသများသို့ ကူညီရွှေ့ပြောင်းပို့ဆောင်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။

ယင်းအပြင် ရခိုင်ပြည်၊ အာရက္ခပြည်သူအစိုးရ၏ HDCO မှလည်း မိုခါ မုန်တိုင်းနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အသ်ိပေးနေပြီး ရေဘေးရှောင်လာသည့် မိဘပြည်သူများအား ဆန်းအိတ် ၁၀၀၀ ကျော် ကူညီထောက်ပံ့ထားသည့် အပြင် မုန်တိုင်းကာလအတွင်း လိုအပ်သည့် အကူအညီများပေးနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ