Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ဟု မိုးဇလ ထုတ်ပြန်

ရခိုင်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ဟု မိုးဇလ ထုတ်ပြန်

ABN-မေအိအိအောင်

ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲ မိုးလေဝသ ခန့်မှန်းချက်အရ ရခိုင်ပြည်အပြင် တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ် ၄ ခုတို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ခြေရှိပြီး ရွာနှုန်း ၈ဝ ရာခိုင်နှုန်းရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒကထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

မိုးရွာနိုင်သည့် တိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့ဖြစ်ကြပြီး ပြည်နယ်များမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြသည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်းနှင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပြီး မြန်မာ့ကမ်းရိိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်ပေ ၃ ပေမှ ၇ ပေအထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ရခိုင်ပြည်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အပူချိန် ၂၇ မှ ၂၉ အထိရှိနေပြီ ရခိုင်ပြည် ကျောက်တော်တွင် အမြင့်ဆုံးအပူချိန် ၃၇ ထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

လမည့် ၂ ရက်အတွင်းခန့်မှန်ချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ