Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှု မနှစ်ကထက်လျှော့နည်း

ရခိုင်ပြည်တွင် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများမှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် မြေဆီ မြေသြဇာဈေးနှုန်း အဆမတန်မြင့်တက်နေမှုတိုကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှု မနှစ်ကထက် လျှော့နည်းကြောင်း သိရှိရသည်။

မြောက်ဦးမြိုနယ်ရှိ လေးမြိုမြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာများတွင် ငရုတ်၊ ခရမ်းနှင့်တခြား သီးနှံများနှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားဖြစ်မစိုက်ပျိုးကြတော့ဘဲ လယ်သမားအများစုမှာ မိသားစုစားရရုံလောက်သာ လုပ်ကိုင်နေကြကြောင်း တောင်သူများထံမှ သိရသည်။

“ဒီနှစ် လယ်သမားတိုင်းလိုလို ဆောင်သီးနှံအများကြီးမစိုက်ပျိုးကြတော့ဘူး နိုင်ငံရေးအခြေနေက မကောင်းတော့ လမ်းတွေကအမြဲလိုလိုပိတ်နေတာ သီးနှံတွေဘယ်နားသွားရောင်းရမှာလဲ အချိန်တန်လိုမရောင်းရရင် သီးနှံတွေအကုန်ပျက်စီးပြီး ဆုံးရှုးသွားမှာပါ” ဟုဆောင်းသီးနှံစိုက်ပျိုးသည့် လယ်သမားတစ်ဦးက ABN ကိုပြောဆိုသည်။

ကျောက်တော်မြိုနယ်ရှိ ကျေးရွာ အချို့တွင်လည်း ဆောင်းသီးနှံများအဖြစ် စီးပွားဖြစ် မြေပဲကိုအဓိကထားစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် မြေဆီမြေသြဇာ ဈေးနှုန်းမြင့်တက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် မြေပဲစိုက်တောင်သူများမှာ စီးပွားဖြစ် မစိုက်ပျိုးရဲကြတော့ဘဲ အိမ်သုံးဆီဝမ်းစာရရှိရုံလောက်သာ စိုက်ပျိုးနေကြသလို တချို့ဆိုလျင် လုံးဝမစိုက်ပျိုးကြတော့ကြောင်း မြေပဲစိုက်တောင်သူတစ်ဦးကဆိုသည် ။

“မြေပဲကိုနှစ်စဥ် ဧက ၄၀၀ လောက် စိုက်ပျိုးပြီးရောင်းချနေတာ ဒီနှစ်က မြေဆီဈေးနှုန်းတွေက ဈေးထိုးတက် သွားတော့ အများကြီးမစိုက်တော့ဘူး ၊ နိုင်ငံရေးကလည်း အပစ်ရပ်ထားတယ် ဆိုပေမယ့် ဘယ်အချိန်ထဖြစ်မယ် မသိတော့ ပဲဖော်ချိန်မှာသာ တိုက်ပွဲဖြစ်ရင် အကုန်ဆုံးတော့မယ် ” ဟုမြေပဲစိုက်တောင်သူတစ်ဦးက ABN ကိုပြောဆိုသည်။

မောင်တောမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် အာလူးကိုအဓိကထား စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စစ်ပွဲများကြောင့် လုံခြုံရေးအရ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများမှာ လယ်ယာမြေများကို မသွားရဲကြသဖြင့် စိုက်ပျိုးသူနည်းပါးပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ၀ယ်ယူရန် ကြိုတင်မှာယူမှုလည်း ပြီးခဲ့သည့်နှစ်ကလို မရရှိကြောင်း အာလူးတင်ပိုရောင်းချသူ မောင်တောမြိုခံတစ်ဦးက ပြောဆိုသည်။

ရခိုင်တွင် မောင်တော ၊ ရသေ့တောင် ၊ ဘူးသီးတောင် စသည့်မြိုနယ်များတွင် ဆောင်းသီးနှံအဖြစ် အာလူးအများဆုံးထွက်ပြီး ပြည်ပဖက်သို တင်ပိုနိုင်မှုများရှိခဲ့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးသူနည်းပါးသဖြင့် ပြည်တွင်းတွင်ပင် လုံလောက်မှုမရှိနိုင်ကြောင်း ကုန်သည်တဦးကခန့်မှန်းပြောဆိုထားသည်။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ အမ်း၊ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်စသည့်မြိုနယ်များတွင် ဆောင်းသီးနှံများ အများဆုံးစိုက်ပျိုး ရောင်းချကြပြီး ဆောင်းသီးနှံများအဖြစ် ငရုတ်၊ ခရမ်း၊ ‌ဂေါ်ဖီ၊ ပြောင်း၊ မြေပဲနှင့်အာလူးတိုကိုအဓိက စိုက်ပျိုးကြသည်ဟု စုံစမ်းသိရှိရသည်။

ရခိုင်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှု မနှစ်ကထက်လျှော့နည်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။