Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ဒီရေဆက်လက် မြင့်တက်လာလျှင် ကျွဲ နွားများအတွက် အစာရေစာ အခက်အခဲကြုံလာရမည်ဟု လယ်သမားများပြော

ABN-ဟိန်းထွန်း

သြဂုတ် ၈ ရက်

ရခိုင်တွင် ကုလားတန်မြစ်တစ်လျှောက်တွင်တည်ရှိသည့်ရွာများသို့ ဒီရေဆက်လက် မြင့်တက်လာလျှင် ကျွဲ နွားများအတွက် အစာရေစာ အခက်အခဲကြုံလာရမည်ဟု လယ်သမားများကပြောသည်။

မြစ်အနီးတွင်တည်ရှိသည့် ပုဏ္ဏားရွာ၊ ပီကောက်ရွာ၊ ဘုရားပေါင်းရွာ နှင့် တောင်ပေါက်ရွာတို့သည် ဒီရေမြင့်တက်လာမှုကြောင့် ကျွဲနွားများကို ကုန်းမြင့်ရာ အဝေးပြေးကားလမ်းမဘေးသို့ ရွှေ့ပြောင်းထားကြရကြောင်းတွေ့ရသည်။

ရေများပြည့်လျှံနေသောကြောင့် ကျွဲ၊ နွားများမှာ စားစရာနေရာမရှိတော့သည့်အတွက် ကျောက်တော်လမ်းတစ်လျှောက်ရှိလမ်းမဘေးနားတွင် အမိုးအကာဖြင့် တဲထိုး၍ အစာရေစာပေးထားရကြောင်း ဘုရာပေါင်း ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“ရေကအရမ်းကြီးလာပါတယ်၊ အိမ်တွေကိုရေတွေဝင်နေပြီ၊ ကျွဲနွားတွေကို ထားစရာနေရာလည်းမရှိဘူး၊ ကားလမ်းမပေါ်မှာ တဲထိုးလို့ ရွှေ့ပြောင်းထားရပါတယ်၊ အစာရေစာတွေလည်းပေးထားရပါတယ် ” ဟု ဆိုသည်။

အဆိုပါရွာများတွင် ကုလားတန်မြစ်မှ တက်လာသည့်ဒီရေ ၅ ပေခန့်လွှမ်းမိုးသွားသည့်အတွက် ကားလမ်းမတစ်ချို့ပေါ်တွင် ရေများဖုံးလွှမ်းနေပြီး ကားသမားများအခက်တွေ့နေရကြောင်းသိရသည်။

ယခုလိုရေကြီးနေမှုကြောင့် နွားများသေလာနိုင်ပြီး အစာရေစာများ ရှားပါးလာနိုင်ကြောင်း ၎င်းမှ ဆက်၍ ပြောသည်။

“အခုလို ရေဆက်ကြီးလာရင် စားကျက်မြေတွေမရှိတော့ အစာရေစာတွေရှားပါးလာမယ်၊ နွားတွေလည်းသေလာနိုင်တယ်” ဟုဆိုသည်။

ရခိုင်ပြည် နေရာအနှံ့အပြားတွင် မိုးများစွာရွာသွန်း၍ တောင်ကျရေများစီးကျခြင်း ၊ ဒီရေများမြင့်မားလာခြင်းကြောင့် ရွာအများအပြားတွင် ရေများဝင်ရောက်နေကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။