Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် တောင်သူလယ်သမားများ မျိုးစပါးနှင့် စက်သုံးဆီစရိတ်မြင့်တက်ခြင်းစသည့် အခက်အခဲများ ရင်ဆိုင်နေရ

ရခိုင်တွင် တောင်သူလယ်သမားများ မျိုးစပါးနှင့် စက်သုံးဆီစရိတ်မြင့်တက်ခြင်းစသည့် အခက်အခဲများ ရင်ဆိုင်နေရ

ABN- ရာဟု

ဇွန် ၃၀ ရက်

ရခိုင်ပြည်ရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူလယ်သမားများမှာ မိုရာသီ လယ်ယာလုပ်ငန်း စတင်လုပ်ကိုင်ချိန်တွင် မျိုးစပါးနှင့် စက်သုံးဆီစျေးမြင့်တက်ခြင်း၊​ မြေသြဇာဈေးမြင့်ခြင်းစသည့် အခက်အခဲများစွာတို့ဖြင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

လယ်သမားများမှာ မေလ ၁၄ရက်နေ့ကတိုက်ခတ်သွားသည့် မိုခါမုန်တိုင်းကြောင့် မျိုးစပါးများ မိုရေကြောင့် ပျက်စီးသွားခြင်း၊ လယ်ယာမြေများထဲသို့ ဆားငံရေများ ဝင်ကာ လယ်မြေဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးသွားခြင်းနှင့် ကျွဲ၊ နွား များ သေဆုံးသွားခြင်းတို့ကြောင့် အခက်အခဲများနှင့်ကြုံနေကြရသည့်အပြင် မြေဆီ မြေသြဇာဈေးမြင့်တက်ခြင်းနှင့် စက်သုံးဆီး ဈေးမြင့်တက်ခြင်းများစသည့် အခက်အခက်အခဲ အကြပ်အတည်းများဖြစ် ကြုံတွေ့နေရကြောင်း လယ်သမားများက ပြောသည်။

ယခုမိုရာသီ လယ်များစတင်ထွန်ယက်နေချိန်တွင်လည်း လယ်သမားများမှာ စက်သုံးဆီစျေးနှုန်းမြင့်တက်ခြင်းနှင့် လယ်ထွန်စက်များ ပျက်စီးသွားလျှင် ပြန်လည် ပြုလုပ်ရသည်မှာ လျှပ်စစ်မီးမရရှိသည့်အတွက် ကျေးရွာများတွင် ပြုလုပ်ရန်အဆင်မပြေမှုများစွာရှိနေပြီး မြို့ပေါ်သွားလုပ်လျှင် အနည်းဆုံးအချိန် ၂ရက်ခန့်ကြာမြင့်သည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်သန်းလွှင် က ABN သို့ပြောဆိုသည်။

“ခုက လယ်ထွန်နေကြပြီ ၊ ဆီစျေးတွေကလည်း တအားတက်နေတာ၊ ဒီကြားထဲ စက်ပျက်ရင် အတော် ဒုက္ခရောက်ရတယ်၊ လျှပ်စစ်မီးမရတော့ ရွာမှာလုပ်မရဘူး၊ မြို့သွားရင် လမ်းမှာ ကူးတို့ကူရသေးတယ် မြစ်ကို၊ အနည်းဆုံး ၂ရက်ကြာတယ်၊ လယ်ယာက မိုးကိုကြည့်ထွန်ရတာ ဘယ်လိုမှ အဆင်မပြေဘူး၊ စက်ပျက်ရင် အရမ်းဒုက္ခရောက်တာ” ဟုပြောသည်။

လယ်ယာမြေများကို စတင်ထွန်ယက်စိုက်ပျိုးနေကြသော်လည်း လယ်သမားများမှာ မျိုးစပါးများ ပျက်စီးသွားခြင်းနှင့် စက်သုံးဆီးစျေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ငွေကြေးမတတ်နိုင်သဖြင့် ပုံမှန်အတိုင်းလယ်ယာမြေအားလုံးကိုမလုပ်နိုင်ဘဲ လယ်ဧကများကို လျော့ကာ လုပ်ကိုင်နေကြရသည်ဟု ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာရှိ လယ်သမားတစ်ဦးဖြစ်သူ ဦးထွန်းကျော် က ABNသို့ ပြောသည်။

“ဒီနှစ် စက်သုံးဆီးတစ်ခုတည်း ဝယ်ရမှာမဟုတ်ဘူး၊မျိုးစပါးပါ ဝယ်ရမှာ လယ်မြေအကုန် မထွန်နိုင်ဘူး၊ မြေဧကတွေ ချန်ထားခဲ့ရတယ် ငွေ​မတတ်နိုင်တော့လို ” ဟု ဆိုသည်။

ယခုနှစ်တွင် မျိုးစပါးများပျက်စီးသွားသည့်အတွက် လယ်သများများစွာ မျိုးစပါးများ လုံလောက်မှုမရှိဘဲ ဖြစ်နေကြရကာ အစိုးရက မျိုးစပါးများကို စရိတ်မျှပေးစနစ်ဖြင့် ရောင်းချပေးတာမျိုးမဟုတ်ဘဲ အလကား ထောက်ပံ့ပေးစေချင်သည်ဟု ရသေ့တောင်မြို့နယ်ရှိ လယ်သမားများက ABN သို့ပြောသည်။

စစ်ကောင်စီက စပါးတင် ၇၀၀၀၀ ကျော်ကို ရခိုင်ပြည် စကစမှတဆင့် လယ်သမားများကို စရိတ်မျှပေးစနစ်ဖြင့် ရောင်းချပေးမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်အထိ မျိုးစပါးများ လယ်သမားများ လက်ထဲသို့ မရောက်ရှိသေးဟုမြောက်ဦးမြို့နယ်မှ တိန်ညိုကျေးရွာက လယ်သမားတစ်ဦးဖြစ်သူ ကို ကျော်မြတ်လှိုင်က ABN သို့ ပြောသည်။

“စကစက မျိုးစပါးတွေ ရခိုင်ပြည်မှာ စရိတ်မျှရောင်းပေးမယ် ပြောသံတော့ကြားတယ်၊ ခုထိ ကျနော်တို့ရွာမှာ အဲလိုရောင်းမှာ ပြောသံမကြားဘူး၊ အခြားရွာတွေလည်း ရတဲ့အသံမကြားပါဘူး” ဟု ပြောသည်။

ရခိုင်တွင်လယ်မြေဧကပေါင်း ၁၂သိန်းအထိရှိပြီး ၂၀၂၂ခုနှစ်တွင် ဧက ၉ သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ကာ ယခုနှစ်တွင် မိုခါမုန်တိုင်းကြောင့် ကျွဲနွား ၂၇၆၀၀ ရာခန့်သေဆုံးခဲ့ပြီး လယ်မြေထဲကိုဆားငံရေများဝင်ရောက်ခြင်ကြောင့် လယ်မြေဧကပေါင်း များစွာ ပျက်စီးခြင်းတို့ကြောင့် စိုက်ပျိုးမြေ ဧကများ ထပ်မံလျှော့ကျနိုင်သည်ဟု ရခိုင်ပြည် လယ်သမား သမဂ္ဂက ခန့်မှန်းပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။