Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုချိန်၌ လျှပ်စစ်မီးပေးမည်ဟု EPCက ကြေညာထားသော်လည်း ပျက်ကွက်နေ

ABN-နွယ်စိုး

ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေချိန်ကာလ၌ ညနေ ၆ နာရီမှ မနက် ၆နာရီအထိ လျှပ်စစ်မီးပေးသွားမည်ဟု EPCက မတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း မီးပုံမှန်ဖြန့်ဖြူးပေးခြင်းမရှိသည်ကိုတွေ့ရသည်။

အဆိုပါထုတ်ပြန်ချက်တွင် စာမေးပွဲအကြိုကာလအနေဖြင့် မတ်လ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ညတိုင်း ညလုံးပါက် လျှပ်စီးမီးပေးသွားမည်ဟု ထုတ်ပြန်ထားခဲ့သည်။

ထုတ်ပြန်ထားသည့်အတိုင်း ညဖက်အချိန်ပြည့် လျှပ်စစ်မီး မပေးသောကြောင့် ကျောင်းသားများအတွက် အနှောင့်အယှက်ဖြစ်ရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“မီးပေးမယ်လို့ ကြေညာချက် ထုတ်ထားပြီး မပေးတာကတော့ အရမ်းပဲ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ လျှပ်စစ်မီးက အချိန်ပြည့် ပေးလို့ရလျက်နဲ့ မပေးတာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး” ဟု ပြောသည်။

မြောက်ဦးမြို့တွင်လည်း လျှပ်စစ်မီး ပုံမှန်ပေးနေကျထက် ဖြတ်တောက်ခံထားရကြောင်း ကျောင်းသား မိဘ နောက်တစ်ဦးက ပြောသည်။

‘’မီးကတော့ စာမေးပွဲဖြေဆိုနေချိန်မှာလဲ မရပါဘူး၊ အမှန်ဆို စာမေးပွဲဖြေဆိုချိန်မှာ မီးပေးသင့်ပါတယ်၊အခုတော့ မီးက ပုံမှန်ပျက်နေကျထက်တောင် စောစောစီးစီးပျက်နေပါသေးတယ်၊ သူတို့မှာက ပေးချင်တဲ့အချိန်ပေးနေတာပါ၊ မြောက်ဦးမှာဆိုရင် မြောက်ဘက်ခြမ်းပေးထားရင် တောင်ဘက်ခြမ်းကို ဖြတ်ထားပါတယ်’’ ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့်ညက မနက်အရုဏ်တွင် မီးဖြတ်တောက်ထားခဲ့ကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မနက်ဖြန် မတ်လ ၈ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ အဓိက မြို့ပေါ်ရှိ စာစစ်ဌာနများတွင် ဖြေဆိုကြရမည်ဖြစ်သည်။

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုချိန်၌ လျှပ်စစ်မီးပေးမည်ဟု EPCက ကြေညာထားသော်လည်း ပျက်ကွက်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ