ABN- ရှိုင်းမိုး
ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကာလအတွင်း ညနေ ၆ နာရီမှ မနက် ၆ နာရီထိ လျပ်စစ်မီးပေးသွားမည်ဟု ရခိုင်ပြည် EPCက ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ရက်နေ့မှ မတ်လ ၁၈ ရက်နေ့ထိ ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
လျပ်စစ်မီးကို စာမေးပွဲအကြိုကာလ မတ်လ ၁ ရက်နေ့မှ ၁၈ရက်နေ့အထိ ညတိုင်း ညလုံးပေါက် လျပ်စစ်မီးပေးဝေသွားမည်ဟု ထုတ်ပြန်ပါရှိသည်။
လျှပ်စစ်မီးအချိန်ပြည့်ပေးထားသော်လည်း အသေးစား အလတ်စား စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ပါရှိသည်။
ရခိုင်တွေ နေ့ခင်းဘက်တွင် လျပ်စစ်မီး ၅ နာရီခန့်သာ ပုံမှန်ရရှိသဖြင့် လုပ်ငန်းများစွာ ထိခိုက်လျက်ရှိနေသည်။
