Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ ၁၄ဦးအထိရှိလာ

ABN-ထက်မြတ်ခင်

ဇူလိုင် ၂၈ရက်

ရခိုင်ပြည်တွင် ဇူလိုင်လ ၈ရက်နေ့မှ ၂၈ရက်နေ့အတွင်း ရေနစ်သေဆုံးသူ အမျိုးသား ၁၁နှင့် အမျိုးသမီး ၃ဦး စုစုပေါင်း၁၄တို့အထိရှိလာသည်ကို ABN က လေ့လာတွေ့ရှိရသည်။

ရခိုင်ပြည် ကျောက်တော်မြို့ ဂစ္ဆပနဒီ တံတားအောက်တွင် ဇူလိုင် ၂၇နေ့က အသက် ၃၀အရွယ်ရရှိ ရေနစ်သေဆုံးလျက်ရှိသောအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့သည်။

ဇူလိုင်လ ၂၅ရက်နေ့ ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာမှ အဖဦးမောင်စံလင်း၏သား အသက် ၇နှစ်အရွယ် မောင်ထူးမြတ်လင်းမှာ ကျေးရွာရှိချောင်း၌ ရေဆင်းကူးရာတွင်ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

ဇူလိုင်လ ၂၅ရက်နေ့မှာပင်တွင် ရခိုင်ပြည် မင်းပြားမြို့နယ် တောင်ရင်းအနီး နတ်ကံပြင်(ချင်း)ကျေးရွာမှ အသက် ၅၆နှစ်အရွယ် ဒေါ်အေးထုတ်နှင့် အသက် ၆၅အရွယ် မမြဦးတို့နှစ်ဦးမှာ မြေပုံမြို့သို့ လှေဖြင့် ဈေးဆိုင်ပစ္စည်းများသွားဝယ်ရာ၌ ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

ဇူလ ၂၀ရက် ရခိုင်ပြည် ပေါက်တောမြို့နယ် ငပြီတက်ကျေးရွာမှ ၄တန်းတွင်ပညာသင်ယူနေသော အဖဦးမောင်သာဟန်၏သား(၁၃) အရွယ်မောင်ငြိမ်းချမ်းနိုင် နှင့် သူနှင့်တစ်ရွာတည်းသား အဖဦးမောင်သာစိန်၏သား အသက်(၁၈)နှစ်ရွယ် မောင်အောင်စိုးဝင်းတို့မှာ ဘောလုံးကစားရာမှ ဘောလုံးဘက်ဟိုးတွင်းသို့ကျသွားသဖြင့် လိုက်ကောက်ရာ၌ ရေနစ်သေဆုံးခဲ့ကြသည်။

ဇူလိုင်လ ၂၀ရက်နေ့မှာပင် မြောက်ဦးမြို့နယ် မျောက်ချောင်းကျေးရွာမှ ဂုံးရောင်းရန်သွားသည့် ခရီးသည်လှေတစ်စီးသည် ပန်းမော်ရှိ မြစ်ကိုကူးသည့်အချိန်တွင် လှေမှောက်ကာ လှေထဲ၌စီးပါလာသော အမျိုးသား၅ဦးထဲမှ အသက် ၅၆နှစ်အရွယ် ဦးအပိန်ချေသည် ရေနစ်သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၈ရက်နေ့လည်း မင်းပြားမြို့နယ် ကျားပိုက္ကေကျေးရွာမှ ၃ရက်ကြာ ရေနစ် ပျောက်ဆုံးနေသည့် အသက် ၅၃နှစ်အရွယ် ဦးမောင်လှသိန်းကို သစ်ပုတ်တောင်ကျောင်းရွာ စာသင်ကျောင်းအနောက်ဖက်တွေ့ရှိခဲ့ကြောင်းသိရသည်။

ဇူလိုင် ၁၇ရက်နေ့ကလည်း ကျောက်ဖြူမြို့ ကလဘာတောင်ရပ်ကွက် သီဟိုတောလမ်းဘေးရေမြောင်းတွင် ဒဏ်ရာများအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၁၄နေ့ မင်းပြားမြို့နယ် စွန်ရဲကျေးရွာမှ အသက် ၄၅နှစ်ရွယ် ဒေါ်ဆန်းဆန်းမှာ ပြားဇီးသီးခူးရန်သွားရာ၌ အပင်မှပြုတ်ကျပြီးရေနစ်သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၁ရက်နေ့ စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်တွင် အမည်မသိအလောင်းတစ်လောင်းကို ရေထဲ၌တွေ့ရှိခဲ့သည်။

ဇူလိုင်လ ၁၀နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် စေတီရင်းကျေးရွာမှ အသက် ၄၆နှစ်အရွယ် ဦးထွန်းလှမှာ အရက်မူးပြီး ဦးရာဇ်တောင်ကြိုးတံတားပေါ်လျှောက်သွားရာ၌ ပြုတ်ကျ၍ ရေနစ်သေဆုံးခဲ့သည်။

ဇလိုင်လ ၈ရက်နေ့ ကျောက်ဖြူမြို့ ငလပွိရပ်ကွက်မှ ၆တန်းကျောင်းသားနှစ်ဦး ရေနစ်သေဆုံးခြင်းသိရသည်။

ထို့အပြင် နောက်ထပ် မီဒီယာများ လက်လှမ်းမမီ၍ သတင်းမတင်လိုက်နိုင်သည့် နောက်ထပ် ရေနစ်သေဆုံးသူများလည်း ရှိနေနိုင်သေးသည်။

ရခိုင်ပြည်တွင် ခရီသွားလာရေးနှင့် ဝမ်းစာရေးများအတွက် ရေလမ်းကြောင်းများကို အဓိက အားထားရသောကြောင့် နှစ်တိုင်း ရေနစ်သေဆုံးသူ များစွာ ရှိနေသော်လည်း ခရီးသွားလှေများတွင် အသက်ကယ် အင်္ကျီအဆင်သင့် ယူဆောင်မှု အလွန်နည်းနေသည်ကို တွေ့ရသည်။

ရခိုင်တွင် ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ ၁၄ဦးအထိရှိလာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ