Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ဇန်နဝါရီလအတွင်း မိုင်းနင်း၍ ၇ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိ

ABN-ရှိုင်းမိုး

ရခိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း မိုင်းကြောင့် ၇ ဦးသေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီကျော်ချိန်တွင် ဘူးသီးတောင်မြို့နယ် ဖိုးခေါင်းချောင်း ( မူဆလင် )ရွာမှ မိုင်းနင်းမိ၍ မူဆလင်ကလေးငယ် ၁ဦး သေဆုံးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁နာရီကျော်အချိန်တွင်လည်း မင်းပြားမြို့နယ် ဖားပြိုရွာမှ အသက် ၅၀ အရွယ် ဦးသန်းရွှေမောင်မှာ ထင်းခုတ်သွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းကို နင်းမိ၍ နေရာ၌ သေဆုံးသွားခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ည ၈ နာရီကျော်အချိန်တွင် မင်းပြားမြို့နယ် ပန်းမြောင်ရွာအနီး တောင်ဖြူတောင်တွင် မိုင်းပါက်ကွဲ၍ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ရသည်။ သို့သော်လည်း ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ စစ်တပ်ဖက်မှ အတည်ပြုချက် မရသေးပေ။

ဇန်နဝါရီလ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ်တွင် ထင်းခုတ်သွားသည့် နားဒင် (ခမီ)ရွာမှ အသက် ၂၄ နှစ်အရွယ် ကိုကျော်ဆန်းမှာ စစ်ကောင်စီတပ် ခမရ ၃၇၈ တပ်ရင်းအနီးတောင်တန်း၌ မိုင်းနင်းမိ၍ ညာခြေထောက် ဒူးဆစ်အောက်မှ ဖြတ်လိုက်ရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီကျော်ချိန်တွင် ဘူးသီးတောင်မြို့နယ် ဖိုးခေါင်းချောင်း ( မူဆလင် )ရွာမှ မိုင်းနင်းမိ၍ ၁၀ ကျော်သက်အရွယ် မူဆလင် ၃ ဦးဒဏ်ရရှိခဲ့ရသည်။

ထိုမိုင်းနင်းခံရ၍ သေဆုံးသူများနှင့် ဒဏ်ရာရခဲ့သူများသည် စစ်ကောင်စီတပ်တို့ စခန်းချနေရာယူခဲ့သည့်နေရာများ၌ဖြစ်ပြီး အချို့မိုင်းပေါက်ကွဲခဲ့သည့် နေရာများတွင် လက်ရှိအချိန်၌ စစ်ကောင်စီတပ် စခန်းများ ချထားခြင်းမရှိသော်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ချိန် စစ်ကောင်စီတပ်များမှ တပ်စွဲနေထိုင်ခဲ့သည့် နေရာများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်တွင် ဇန်နဝါရီလအတွင်း မိုင်းနင်း၍ ၇ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ