Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စပါးရိတ်သိမ်းရေးအတွက် လုံခြုံစိတ်ချရရေးမှာ နှစ်ဦးနှစ်ဖက် ကတိတည်မှုအပေါ်မူတည်နေကြောင်း AA ပြော

ရခိုင်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်သဘောတူ Humanitarian Pause ကာလအတွင်း ရခိုင်ရှိ တောင်သူလယ်သမားများမှာ စပါးရိတ်သိမ်းရေးအတွက် လုံခြုံစိတ်ချရရေးမှာ နှစ်ဦးနှစ်ဖက် ကတိကဝတ်တည်မှုအပေါ်မူတည်ကြောင်း ယနေ့ နိုဝင်ဘာလ ၂၈ ရက် ဆဌမအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်လိုက်သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တိုအကြား လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်ဆိုင်းခြင်းကြောင့် တောင်သူလယ်သမားများအနေဖြင့် စပါးရိတ်သိမ်းနေချိန်အတွင်း လယ်သမားများ၏ လုံခြုံရေးမှာ နှစ်ဖက်ကတိကဝတ်တည်မှုအပေါ် မူတည်နေသည်ဟု UlA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“လုံခြုံရေး စိတ်ချရခြင်း၊ မရခြင်း ဆိုတာကတော့ ယာယီအပစ်ရပ်စဲမှုကို အလွတ်သဘောအဖြစ် အပစ်ရပ်စဲမှုကို နှစ်ဖက်က ဘယ်လောက်လိုက်နာမှုရှိမရှိ၊ ဘယ်လောက်ကတိကဝတ် တည် မတည်ဆိုတာမှာပဲ မူတည်မှာ ဖြစ်ပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တိုကတော့ ပြည်သူလူထုတွေကိုလည်း ကျွန်တော်တို ပြောသင့်ပြောထိုက် လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်တော်တို့ ပြောပြီးလုပ်နေတာတွေရှိတယ် ဆိုတာကို ပြောကြားလိုပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တိုအကြားတိုက်ပွဲဖြစ်ပွားချိန်မှ စကာ စစ်ကောင်စီတပ်မှ ပြည်သူပိုင်လယ်ယာမြေများ၊ ကျေးရွာများဖက်သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့မှု၊ လယ်ကွင်းများတွင်း မြေမြှုပ်မိုင်းများ ထောင်ထားမှုတို့ကြောင့် လယ်သမားများမှာ စပါးရိတ်သိမ်းချိန်တန်သော်လည်း မိုင်းအန္တရာယ်ကြောင့် ရိတ်သိမ်းမှုများကို မလုပ်ဝံ့ဘဲ ရှိနေခဲ့ကြသည်။

ပြီးခဲ့သည့် လက တိုက်ခတ်ခဲ့သော စီထရံမုန်တိုင်းကြောင့် ရခိုင်တွင် စပါး ၃၀ ရာခိုင်နှုန်းခန့်ထိ ပျက်စီးသွားကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

ဓာတ်ပုံ-ရက္ခိုင့်တပ်တော်သားများ လယ်သမားများ၏ စပါးများကို ဝိုင်းကူရိတ်သိမ်းပေးနေစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ