Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စပါးပျိုးပင်များရှားပါး၍ လယ်သမားများအခက်တွေ့နေရ

ABN-ဟိန်းထွန်း

သြဂုတ် ၃၀ရက်

ရခိုင်ရှိမြို့နယ်အများအပြားတွင် စပါးစိုက်ပျိုးရန် စပါးပျိုးပင်များရှားပါးလာသည့်အတွက် လယ်သမားတစ်ချို့ အခက်တွေ့နေရကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မုတ်သုံအားကောင်းခဲ့မှုကြောင့် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ရေလွှမ်းမိုးမှုများရှိခဲ့သည့်အတွက် လယ်ဧက ၇ သောင်းကျော်ပျက်စီးသွားခဲ့ရကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည့်အချက်အလက်အရ သိရသည်။

လယ်သမားအများစုသည် ပျက်စီးသွားသည့် လယ်ကွင်းမျက်တွင် အစားထိုးစိုက်ပျိုးနိုင်ရန် စပါးပျိုးပင်များ အခက်အခဲများတွေ့နေရပြီး တစ်ချို့လယ်ကွင်းများကိုလည်း ရပ်နားထားရကြောင်း ဖလောင်းပြင်ရွာမှ မင်းပြားမြို့နယ် လယ်သမား ဦးဝေဠုမောင်က ABN သို့ပြောသည်။

“ပျိုးပင်တွေအရမ်းရှားပါတယ်၊ ဘယ်နေရာက ရှာရမှန်းတောင်မသိတော့ဘူး၊ ပျိုးရှာလို့မရလို့ လယ်ဧက ၂ ထောင်ကျော်တောင် ဒီအတိုင်းကြည့်နေရတယ်၊ အခက်အခဲတွေကြုံနေရတယ် “ဟု ဆိုသည်။

ပျိုးပင်များရှားပါးလာသည့်အတွက် လယ်ထွန်ထားပြီးသည့် လယ်ကွင်းများမှာ ပျက်စီးလာနိုင်ပြီး အချိန်လည်းနှောင်းလာကာ ပျိုးပင်များလည်းဖြစ်ထွန်းတော့မည် မဟုတ်ကြောင်း မင်းပြားမြို့နယ်၊ စမ္ဘလေကျေးရွာမှ ဒေါ်ဟာရုံက ပြောသည်။

“လယ်ထွန်လို့ထားပြီးတဲ့လယ်ကွင်းတွေပျက်စီးလာမယ်၊ ရာသီကလည်း နှောင်းသွားပြီဖြစ်တဲ့အတွက် ပျိုးပင်တွေဖြစ်ထွန်းတော့မှာမဟုတ်ဘူး၊ ပျိုးပင်တွေရှာရတာ မလွယ်ကူးဘူး” ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်ရှိလယ်သမားအများစုသည် ပျိုးပင်များရှာဖွယ်ရန်အတွက် တစ်ရွာဝင်တစ်ရွာထွက် လိုက်ရှာနေရကာ ပျိုးပင်များမရသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ABN မှ စုံစမ်းသိရှိရသည်။

ယခုနှစ် ပျိုးပင်များ မဖြစ်ထွန်းလျှင် လယ််သမားများအနေဖြင့် ၎င်းတို့၏ အငှားလုပ်သားများကို လုပ်အားခပေးရန် ငွေကြေးများအဆင်ပြေနိုင်မည်မဟုတ်သည့်အပြင် လယ်မှထွက်ရှိသည့် စပါးစျေးနှုန်းများ ကောင်းကောင်းမရလျှင်လည်း အခက်အခဲများတွေ့လာနိုင်ကြောင်း လယ်သမားများထံက သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။