သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်သား ၁၉၁၆၅ဦး ဝင်ရောက်ဖြေဆိုနေ

ABN -ရာဟု

ရခိုင်ပြည်တွင် ယနေ့ မတ်လ ၈ရက်နေ့တွင် စတင်ကျင်ပနေသည့် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း စာမေးပွဲကို ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၁၆၅ဦး ၀င်ရောက်ဖြေဆိုနေသည်ဟုသိရသည်။

ယခုနှစ်တွင် ကျောင်းတွင်းဖြေဆိုသူကျောင်းသားကျောင်းသူ ၄၀၈ဦးနှင့် ပြင်ပဖြေဆိုကျောင်းသားကျောင်းသူ စုစုပေါင်း ၁၈၇၅၇ဦး အထိရှိသည်။

ယမန်နှစ်က​ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူကျောင်သားကျောင်းသူ ၄၁၇၅၅ဦးအထိရှိခဲ့ပြီး ယခုနှစ်မှာ ၁၉၁၆၅ရှိသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ