Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စစ်တွေမှ မင်းပြားသို့ စစ်ကောင်စီတပ်ရိက္ခာများ ဆက်လက်ပို့နေ

ABN-ရှိင်းမိုး

ယနေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၈နာရီကျော်အချိန်တွင် စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်အင်အား အပြည့်ဖြင့် စစ်ကောင်စီ နေဗီ ၂ စီး မင်းပြားဖက်သို့ ဦးတည်ပြီးတတ်သွားကြောင်းသိရသည်။

“ မနက် ၉နာရီက ဆိပ်ကမ်း ထွက်သွားပါတယ်၊ မင်းပြားဖက်ကို ဦးတည်ပြီးထွက်သွားပါတယ်၊ နေပီထဲမှာ လက်နက်ကြီးတွေလည်းမြင်လိုက်ပါတယ်၊ စားနှင့် ရိက္ခာတွေလည်း အပြည့်ပါ၊ စစ်သားတွေလည်း ၁ စီးမှာ ၁၀၀ ကျော်‌လောက်ရှိဖိုထင်ပါတယ်” ဟုပြောသည်။

မင်းပြား ၅၄၁၊ ၃၇၉ နှင့် ၃၈၀ တပ်ရင်းမှလည်း စစ်သား အင်အား ၄၀ ကျော်သည် လက်နက်ခဲယမ်း အပြည့်စုံဖြင့် မင်းပြားကြပ်စင်တံတားဖက်သို့ ယနေ့နံနက် ၇ နာရီအချိန်တွင် စစ်ကြောင်းလျှောက်သွားကြသည်ကို တွေ့ရကြောင်း ဒေသခံများကပြောသည်။

“စစ်တွေက နေဗီတတ်လာလို့ထင်ပါတယ် ၊ သူတို့လုံခြုံရေးသွားယူကြတာဖြစ်မယ်၊ အင်အားကတော့ ၄၀ ကျော်ပါပါတယ်၊ လက်နက်ခဲယမ်းအပြည့် တပ်ဆင်ထားပါတယ်” ဟုပြောသည်။

စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ ဇန်နဝါရီ ၂ ရက်နေ့ကလည်း စစ်ကား ၂၈ စီးဖြင့်ရိက္ခာဖြည့်ထားသည့် နေဗီ ၂ စင်းသည် မင်းပြားဖက်သို့ ရိက္ခာပို့ခဲ့ကြောင်းသိရသည်။

၎င်းအပြင် ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ကလည်း စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ မင်းပြားသို့ ရိက္ခာ လက်နက် အပြည့်တင်ကာ နေဗီ ၂ စင်းဖြင့် ပို့ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၀ရက်နေ့နှင့် ၁၁ ရက်နေ့ တွင်လည်း စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ ရိက္ခာ၊ လက်နက်အင်အား၊ လူအင်အားအပြည့်ဖြင့် ကျောက်တော်တပ်မဖက်သို့ ရိက္ခာများ ပို့ခဲ့သည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ နှင့် ၁၀ နာရီကျော်လောက်အချိန်တို့တွင် မင်းပြား ၅၄၁၊ ၃၇၉ နှင့် ၃၈၀ တပ်ရင်းတို့က စစ်ကား ၁၄ စီးဖြင့် မင်းပြား တိုင်းဗဟို ၉ တပ်မသို့ ရိက္ခာသွားပို့ခဲ့ကြောင်းသိရသည်။

“ စစ်ကား ၂ ကြိမ် ထွက်ပါတယ်၊ ၇ နာရီအချိန်က ၆ စီး ၁ကြိမ်၊ ၁၀ နာရီက ၄ စီး ဆက်တိုက်ထွက်သွားပါတယ်၊ ကားထဲမှာ လက်နက်ကြီးတွေမြင်လိုက်ပါတယ်၊ နောက်ပြီး တခြားရိက္ခာတွေလည်း အပြည့်ပါတယ်၊ စစ်သားတွေလည်း ၁စီးမှာ ၃၀ လောက်ရှိမယ်ထင်ပါတယ်” ဟု အမည်မဖော်လိုသည့် မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီဖက်မှ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အပစ်အခတ်ရပ်စဲလိုက်‌ကြောင်း ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်တွင် နေ့တိုင်းနီးပါး ရိက္ခာ၊ လက်နက်အင်အား၊ စစ်အင်အားများဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေပြီး၊ ဗမာပြည် စစ်ကိုင်တိုင်းတွင်လည်း လက်နက်ကြီးများနှင့် ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်သည့်အပြင် ရွာထဲကိုဝင်ပြီး လူနေအိမ်များကို မီးရှို့ဖျက်စီးနေကြောင်းသိရသည်။

ရခိုင်တွင် စစ်တွေမှ မင်းပြားသို့ စစ်ကောင်စီတပ်ရိက္ခာများ ဆက်လက်ပို့နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ