Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စစ်ကောင်စီ ပညာရေးဌာနမှ ဝန်ထမ်းများ ဝတ်စုံနှင့်အိမ်ငှားခအတွက် ထောက်ပံ့ငွေများစတင်ရရှိ

ABN-ရာဟု

ရခိုင်ပြည်ရှိ ပညာရေးဌာနမှ ပညာရေးဝန်ထမ်းများမှာ ဝန်ထမ်းဝတ်စုံနှင့် အိမ်ငှားခများအတွက် ထောက်ပံ့ငွေ များကို ဖေဖော်ဝါရီလတွင် ရရှိကြောင်း ပညာရေးအသိုင်းအဝိုင်းများမှ သိရှိရသည်။

ပညာရေးဝန်ထမ်းများအတွက် ဝတ်စုံနှင့် အိမ်ငှားခများကို ယခုနှစ်တွင် စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ထမ်းတစ်ဦးကို ဝတ်စုံအတွက် ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်နှင့် အိမ်ငှားခအတွက် တစ်လလျှင် လူပျို အပျို လူလွတ်ဝန်ထမ်းများအတွက် ၎င်းတိုရရှိနေသည့် လစာ၏ ၄ရာခိုင်နှုန်း၊ အိမ်ထောင်ရှိသူများဖြစ်လျှင် လစာ၏ ၈ရာခိုင်နှုန်း၊ အိမ်ထောင်ကွဲပြီး သားသမီးများနှင့်အတူနေတိုင်နေပါက လစာ၏ ၈ရာခိုင်နှုန်းခန့်ဖြင့် ထောက်ပံ့ပေးကာ ဖေဖော်ဝါရီလတွင် ဝန်ထမ်းများအတွက် ၅လစာစုပေါင်းကာ ထုတ်ပေးနေခြင်းဖြစ်သည်ဟု ပြိုင်းချကျောင်းအုပ်ဆရာကြီး ဦးစိန်လှမောင်က ABNကို ပြောဆိုသည်။

“ဝတ်စုံနှင့် အိမ်ငှားခ ထောက်ပံ့ငွေ ထုတ်ပေးတာပါ ၅လစာအတွက် အိမ်ထောင်ရှိတဲ့ လူတွေနှင့် အိမ်ထောင်ကွဲပြီး သားသမီးတွေနှင့် အတူနေရင် ၈ရာခိုင်နှုန်း၊ လူလွတ်တွေဆိုရင် ၄ရာခိုင်နှုန်းစီဖြင့် တစ်လကိုရတာပေါ့၊ ဝတ်စုံကတော့ အတူတူဘဲ ၂၀၀၀၀ ကျပ်ရတယ်” ဟု ပြောသည်။

ပညာရေးဝန်ထမ်းများကို ယခင်နှစ်များက ထောက်ပံ့ပေးခြင်းမျိုးမရှိခဲ့ဘဲ ယခုနှစ်တွင်သာ စတင်ထောက်ပံ့ပေးခြင်းဖြစ်သည်။

အစိုးရ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်နေကြသည့် ပညာရေးဝန်ထမ်းများမှာ ဝတ်စုံအတွက် ထောက်ပံ့ငွေကိုသာရရှိပြီး အိမ်ငှားခအတွက် ထောက်ပံ့ စရိတ်ကိုမှု မရရှိကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ