Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စစ်ကောင်စီမှ မြို့နယ် ၂ ခုထပ်တိုး၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိတ်ပင်ထားကြောင်း UN-OCHA ထုတ်ပြန်

ရခိုင်တွင် အာဏာသိမ်း စစ်ကောင်စီမှ မြို့နယ် ၈ မြို့နယ်ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ခြင်းများအား ကန့်သတ်ပိတ်ပင်ထားကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ OCHA ၏ နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်သည့် အစီအရင်ခံစာအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ UN အပါအဝင် INGO, NGO အဖွဲ့များအားလုံးကို စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများမပေးရဟု စစ်ကောင်စီမှ ထုတ်ပြန်၍ ဟန့်တားပိတ်ပင်ခဲ့သည်။

ထိုစဥ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပေးရဟု စစ်ကောင်စီမှ ကန့်သတ်ပိတ်ပင်ခဲ့သည့် မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်များဖြစ်သည်။

ရခိုင်ပြည်တွင် ယခုလ နိုဝင်ဘာလအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်မာမှုများ ရှိနေပြီး၊ ဘူးသီးတောင်၊ မောင်တော၊ ပလက်ဝ၊ ကျောက်တော် ဒေသများတွင် နေ့တိုင်း နီးပါး တိုက်ပွဲများ ဖြစ်လျက်ရှိသည်။

စစ်ရေး ပြင်းထန်နေသည့် ရခိုင်တွင် ဖြတ်လေးဖြတ်တွင် ရိက္ခာဖြတ်မှု၊ အဆက်အသွယ်ဖြတ်မှုတို့ကို စစ်ကောင်စီတပ်မှ ပြုလုပ်လျက်ရှိပြီး ယခင် ၆ မြို့နယ်အပြင် နောက်ထပ် ၂ မြို့နယ် (ပေါက်တောနှင့် ကျောက်တော်) မြို့နယ်များကိုပါ ထပ်တိုး၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပေးရဟု ကန့်သတ်ပိတ်ပင်ထားကြောင်း UN-OCHA ၏ အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်တွင်း ယခုလများအတွင်း စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် လူနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားကာ ပစ်ခတ်ခြင်းကြောင်း အပြစ်မဲ့ အရပ်သား သေဆုံးမှု နိုဝင်ဘာလတစ်ခုတည်းတွင်ပင် ၃၀ ဦးကျော်ထိရှိနေပြီ ထိခိုက်ဒဏ်ရာရသူ ၆၀ နှင့် ၉၀ ကြားထိရှိနေသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ကြောက်၍ စစ်တွေ-ပုဏ္ဏားကျွန်းကြား အဝေးပြေးကားမ ဘေးရှိ ကျေးရွာများမှာ စစ်ဘေးရှောင်နေကြရသည်။

ရခိုင်တွင် ယခင် ၂၀၁၈-၂၀၂၀ ခုနှစ်များအတွင်းက စစ်ဘေးရှောင်အဟောင်းများနှင့် လတ်တလော တကျော့ပြန် တိုက်ပွဲများကြောင့် ထွက်ပြေး စစ်ဘေးရှောင်လာရသည့် စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၂ သိန်းဝန်းကျင်ခန့် ရှိနိုင်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ