သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စစ်ကောင်စီက အဝေးပြေး ကားလမ်းကို ပိတ်ထားလိုက်ပြီဟု သိရ

AB News-နိုဝင်ဘာ ၁၃ ရက် ၂၀၂၃

ရခိုင်တွင် ယနေ့မနက် ၅ နာရီခွဲက ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မင်းပြားမြို့နယ်မှာလည်း စစ်ကောင်စီကား ၂ စီးကို မိုင်းဆွဲတိုက်ခဲ့ပြီးနောက် ရခိုင်ရှိ အဝေးပြေး ကားလမ်းကို စစ်ကောင်စီက ပိတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဒေသခံများ၏ ကနဦး သတင်းပေးချက်အရ စစ်တွေမြို့နယ်ရှိ စစ်ကောင်စီ၏ ကျောက်တန်း စစ်ဆေးရေးဂိတ်၊ ‌မြောက်ဦးမြို့ ၅၄၀ စစ်ဆေးရေးဂိတ်နှင့် စစ်တွေမြို့ဝင်/ထွက် တပ်ထိမ်းဂိတ်တို့ကို စစ်ကောင်စီတပ်က ယနေ့မနက် အစောပိုင်းက ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုဂိတ်များကို စစ်ကောင်စီက ပိတ်ထားသောအားဖြင့် ရခိုင်ပြည်အား ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားနိုင်ကြောင်း အမည်မဖော်လိုသည့် စစ်တွေမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီက အဝေးပြေးကားလမ်းကို ပိတ်လိုက်ပြီးဆိုတော့ အဓိက ဒုက္ခရောက်မှာကတော့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားမယ်။ ဒါဟာ စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ ဖြစ်တောက်တဲ့ ဗျူဟာလည်း ဖြစ်မှာပေါ့။” ဟုဆိုသည်။

ရခိုင်တွင် မြို့နယ် ၂ ခုတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်း ဖြစ်ပွားနေပြီး တိုက်ပွဲ ဖြစ်ပွားရာ ဒေသအနီးမှ ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ