သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင်၂၀၂၃ခုနှစ် ၂လကျော်အတွင်း မီးလောင်မှု ၈ကြိမ်ဖြစ်ပွားကာ ၃ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရ၊ နေအိမ်များ မီးလောင်ပြာကျ

ရခိုင်တွင်၂၀၂၃ခုနှစ် ၂လကျော်အတွင်း မီးလောင်မှု ၈ကြိမ်ဖြစ်ပွားကာ ၃ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရ၊ နေအိမ်များ မီးလောင်ပြာကျ

ABN-ထက်မြတ်ခင်

ရခိုင်ပြည်တွင် မြို့နယ် ၇ မြို့နယ်၌ ယခုနှစ် ၂လကျော်အတွင်း မီးလောင်မှု ၈ကြိမ်ဖြစ်ပွားကာ ၃ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရ၊ လူနေအိမ်များစွာပျက်စီးဆုံးရှုံးသွားခဲ့သည်ကိုတွေ့ရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ မင်းပြား၊ စစ်တွေ၊ ရသေ့‌တောင်၊ မြောက်ဦး၊ ကျောက်တော်၊ စနဲနှင့် ပုဏ္ဏားကျွန်းမြို့တို့တွင်ဖြစ်သည်။

မီးလောင်မှု အများဆုံးမှာ လျှပ်စစ်မီးပုံမှန်မရရှိခြင်းကြောင့် ဖြစ်ရသည်ကိုတွေ့ရပြီး ထမင်းချက်ချိန်၌ လျှပ်စစ်မီးမရသည့်အတွက် ထင်းမီဖြင့် ချက်ပြုတ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ရသည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

‘’လျှပ်စစ်မီးပုံမှန်မလာတော့ ကျွန်မတို့က ထမင်းဟင်းချက်တဲ့အခါမှာ ထင်းကို အသုံးပြုပြီးချက်ရတဲ့အတွက်ကြောင့် အခိုလို မီးလောင်မှုတွေဖြစ်ရတာပါ”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က မင်းပြားမြို့နယ် ဥက္ကားပျံရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားမှုကြောင့် လူနေအိမ် ၄ အိမ် မီးလောင်ပြာကျသွားခဲ့ရပြီး မတ်လ ၃ ရက်နေ့ကလည်း ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်တွင် မီးလောင်မှုကြောင့် နေအိမ် ၄ အိမ် မီးလောင်ပြာကျခဲ့ရသည်။

ထို့အပြင် မတ်လ ၂ ရက်နေ့က မြောက်ဦးမြို့နယ် အောက်သကန်ရွာတွင် မီးလောင်မှုကြောင့် နေအိမ် ၁ အိမ် မီးလောင်သွားခဲ့ပြီး စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် မတ်လ ၄ ရက်နေ့က ဆီဆိုင်တန်းကို မီးလောင်ခဲ့ပြီး မီးလောင်ရာတွင် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရကာ ဆေးရုံတင် ကုသခဲ့ရသည်ဟု သိရသည်။

၎င်းအပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် ဘုန်းကြီးကျောင်း ၁ ကျောင်းအတွင်း ကျောင်းဆောင်တစ်ခု မီးလောင်မှုကြောင့် လေဖြန်းနေသည့် သက်ကြီး ရဟန်းတစ်ပါး မီးလောင် ပျံလွန်တော်မူခဲ့ရပြီး မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်မှ နေအိမ် တစ်အိမ်မီးလောင်မှုကြောင့် ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇နေ့က UlA/AAက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နွေရာသီဖြစ်သည့်အတွက် ပြည်သူလူထုများကို မီးသတိပြုကြရန် သတိပေးပြောခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×