Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ကမ်းရိုးတမ်းဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်းသို့ မေလ ၁၃ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်နိုင်

ABN-ရှိုင်းမိုး

ရခိုင်ကမ်းရိုးဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်းသို့ ယခုမေလ ၁၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်နိုင်ကြောင်းတွေ့ရှိရသည်။

မုန်တိုင်း စတင်ဖြစ်ပေါ်ချိန်သည် မေလ ၉ ရက်နံနက်ပိုင်းမှ စတင်၍ လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်နိုင်မည်ဟုခန့်မှန်းရသည်။

အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm – VCS) အဆင့် လေတိုက်နှုန်းသည် တစ်နာရီကို ၁၁၅ မိုင်အထိရောက်နိုင်မည်ဟုခန့်မှန်းရသည်။

မုန်တိုင်းလမ်းကြောင်းသည် ရခိုင်ကမ်းရိုးတန်းသို့ဦးတည်ရွေ့လျားပြီး ချောင်းသာနှင့်ဂွကြားမှ မေလ ၁၃ ရက် ညပိုင်းမှစတင်၍ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်သည်။

ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဒီရေလှိုင်း(Storm Surge)အမြင့် ပေ ၂၀ အထိ ရှိနိုင်ပြီး၊ မုန်တိုင်းဗဟိုလှိုင်းအမြင့် ၂၈ ပေအထိ ရှိနိုင်မည်။

မုန်တိုင်းအရှိန်သက်ရောက်မှုသည် မုန်တိုင်းညာဘက်ခြမ်းတွင်ရှိနေသည့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မုန်တိုင်းကုန်းတွင်းသို့ ဝင်ရောက်ချိန် လေပြင်းတိုက်ခတ်မှု ပြင်းထန်ပြီး မိုးသည်းထန်နိုင်မည်ဟုသိရသည်။

မုန်တိုင်းကုန်းတွင်းဝင်ရောက်တိုက်ခိုက်ပြီးနောက် မြောက်-အရှေ့မြောက်သို့ ဆက်လက်ရွေ့လျားပြီး ရှမ်းပြည်နယ် နမ့်စမ်မြို့ပေါ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့ပျက်ပြယ်သွားနိုင်မည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ