
ABN- ရှိုင်းမိုး
ရခိုင်ကမ်းရိုးတန်း ဒေသကို မုန်တိုင်းပြင်းထန်စွာဝင်ရောက်တိုက်ခိုက်လာနိုင်ကြောင်းသိရသည်။
ယခုလာမည့် မေလ ၁၂ရက်နေ့ ညပိုင်းအချိန်တွင် ရခိုင်ဒသဖြစ်သည့် ကျောက်ဖြူနှင့် စစ်တွေမြို့ကြား (19.93°N, 93.34°E) ကိုဝင်ရောက် ကျော်ဖြတ်နိုင်သည်ဟုသိရသည်။
ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် အရှေ့-အရှေ့မြောက် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အနောက်ပိုင်းတို့ကို မေလ ၁၃ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်နိုင်ပြီး ညနေပိုင်းတွင် အားပျော့ပျက်ပြယ်သွားနိုင်သည်ဟုသိရသည်။