Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ကစစ်ဘေးရှောင်ကလေးများအား ကြီးလာရင် မြန်မာ့တပ်မတော်ထဲဝင်၍ရကြောင်း ဒေါ်သက်သက်ခိုင် ပြောခဲ့

ABN-ရှိုင်းမိုး၊ မေအိအိအောင်

ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဒေါ်သက်သက်ခိုင်နှင့် ဝန်ကြီးများအဖွဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကံကြီးရှင်ဘုရားရှိ စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဥ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဆိုသည်မှာ မြန်မာပြည်တွင်သာ လိုအပ်ခြင်းမဟုတ်ဘဲ တကမ္ဘာလုံးတွင်လိုအပ်ကြောင်းနှင့် ပြည်ထောင်စု ပြိုကွဲသွားလျင် ရခိုင်လည်း ပြိုကွဲသွားမည်ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ခေါ်ယူကာ လူကယ်ပြန် ဒေါ်သက်သက်ခိုင်က ပြောခဲ့ကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ရခိုင်ပြည်က ပြည်ထောင်စုထဲမှာရှိတာပါ၊ ပြည်ထောင်စုကွဲသွားရင် ရခိုင်ပြည်လည်း ကွဲသွားမှာ၊ ရခိုင်မှာလည်း ရခိုင်တစ်မျိုးတည်း မဟုတ်ဘူး၊ တပ်မတော်ဆိုတာမြန်မာနိုင်ငံမှာမပြောနဲ့တော ကမ္ဘာမှာလည်း လိုပါတယ်၊ တပ်မတော်ဆိုတာ ဗမာတပ်မတော်ကို ပြောတာဆိုပြီးတော့ ထွန်းအိ​န္ဒြာဗိုအစ်မက ပြောခဲ့ပါတယ်” ဟု ပြောသည်။

ထို့အပြင် ထိုစကားနှင့်ဆက်စပ်၍ စစ်ဘေးရှောင်စခန်းများတွင် ရှိသည့် ကလေးများ ကြီးလာလျင် မြန်မာ (ဗမာ) တပ်မတော်ထဲဝင်၍ စစ်မှူးထမ်းနိုင်ကြောင်းနှင့် ကြိုးစားရင် ကြိုးစားသလောက် ရမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု နောက်ထပ် စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ABN ကိုပြောသည်။

“ကျွန်မလွှတ်တော်တက်ခဲ့တဲ့ အချိန်တုန်းကဆိုရင် ရခိုင်သားစစ်သားအရာရှိတွေနဲ့ အများကြီး ဆုံဖူးပါတယ်၊ အခု စစ်ဘေးရှောင်မှာရှိတဲ့ ကလေးတွေလည်း တပ်မ‌တော်ထဲ ဝင်လို့ရပါတယ်၊ ကြိုးစားရင်ကြိုးစားသလောက်ရမှာပါ”

ထိုခရီးစဥ်တွင် ဒေါ်သက်သက်ခိုင်နှင့်အတူ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး ဦးကိုကိုနိုင်၊ ပြည်နယ်ရဲမှူး၊ ပြည်နယ်စည်ပင်ဝန်ကြီးနှင့် နောက်ထပ် ဝန်ကြီး များပါရှိကြောင်း သိရသည်။

ထိုဝန်ကြီးများအားလုံးသည် စစ်ဘေးရှောင်များကို ၁၀ မိနစ်ခန့်စီ စကားပြောပြီး နောက်ဆုံးတွင် ဒေါ်သက်သက်ခိုင်မှ နာရီဝက်ခန့် ကြာအောင် စကားပြောဆိုခဲ့ကြောင်းစစ်ဘေးရှောင်များပြောပြချက်အရ သိရသည်။

ဒေါ်သက်သက်ခိုင်နှင့် အဖွဲ့များသည် ယမန်နေ့ ခရီးစဥ်အတွင်း ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းနှင့် ကံကြီးရှင်ဘုရားကြီးကြီး စစ်ဘေးရှောင်စခန်းများသို့ ဝင်ရောက်ပြီး စစ်ဘေးရှောင်များအား မိန့်ခွန်းခြွေခဲ့ကြောင်း သိရသည်။

ရခိုင်ကစစ်ဘေးရှောင်ကလေးများအား ကြီးလာရင် မြန်မာ့တပ်မတော်ထဲဝင်၍ရကြောင်း ဒေါ်သက်သက်ခိုင် ပြောခဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ