Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ဗျူဟာကုန်းအား AA သိမ်းပိုက်စဥ် စစ်ကောင်စီအဖွဲ့ အလောင်း ၅၀ ခန့်နှင့် အရှင်ဖမ်းဆီးရမိသူ ၃၀ ခန့်ရှိ

AB News – ဖေဖော်ဝါရီ ၇၊ ၂၀၂၄

ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ဗျူဟာကုန်းအား AA သိမ်းပိုက်စဥ် စစ်ကောင်စီအဖွဲ့ဝင်ရုပ်အလောင်း ၅၀ ခန့်နှင့် အရှင်ဖမ်းဆီးရမိသူ ၃၀ ခန့်ရှိကြောင်း AB News မှ သိရသည်။

ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ ၄ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၆ရက် နံနက်အစောပိုင်းအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောရှိ တောင်ပြိုလက်ဝဲစခန်းအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ တတိယမြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဖေဖော်ဝါရီလ ၄ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကြောင့် ဘင်္ဂလာဒေ့ရှ်နယ်စပ်ဘက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စုစုပေါင်းမှာ သုံးရက်အတွင်း ၂၀၀ အထက်ရှိသွားပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်ကာ  တောင်ပြိုလက်ယာကင်းစခန်းနှင့် တောင်ပြိုလက်ဝဲဗျူဟာကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃၄၅ ဦးခန့် ဘင်္ဂလာဒေ့ရှ်ဘက်သို့ထွက်ပြေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သား ၂၀ ကျော်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ကူတူပါလောင်စခန်းတွင် ဘင်္ဂလားဒေ့ရှ်နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဆေးကုသပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် စစ်လက်နက်ပစ္စည်းအမြောက်အများနှင့် စစ်တပ်သုံး ကားအစီး ၂၀ ကျော် သိမ်းဆည်းရခဲ့သည်ကိုတွေ့ရသည်။

စစ်ကောင်စီနယ်ခြားစောင့်အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဖက်သို့ မထွက်ပြေးမီ ARSA၊ RSO အဖွဲ့များကို လက်နက်များ ပေးထားခဲ့ကြောင်းလည်း သိရပြီး ထိုလက်နက်များကိုလည်း AA က ပြန်လည် ရရှိထားပြီဟုသိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ