Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်အမျိုးသမီးများအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရက္ခိုင်အမျိုးသမီးများအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

AB News – မတ်လ ၁၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် ပုဒ်မ ၅၀၅ ( ခ) ဖြင့်တရားစွဲဆိုခံထားရသည့် ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်ကြောင်း သိရသည်။

ဒေါ်ညိုအေးမှာ ရက္ခိုင်အမျိုးသမီးများ လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေးများအတွက် ဦးဆောင် ဦးရွက် ရှေးတန်းမှ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

သူမကို ယနေ့ မတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီကျော် အချိန်တွင် ပုဒ်မ ၅၀၅ ( ခ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဒေါ်ညိုအေးသည် ဆန်ပြဿနာနေ့အထိမ်းအမှတ် ကိုတက်ရောက်ခဲ့သည့်အတွက် အပြစ်ဒဏ် ၂ နှစ်ချမှတ်ခံလိုက်ရကြောင်း သမီးဖြစ်သူ မစောမြသန္တာက AB News သို့ပြောသည်။

” ဒီနေ့ ကျမအမေကို အမိန့်ချတယ်။ ဆန်ပြဿနာနေ့ အခမ်းအနားတက်ရောက်မှုပါ။ ပြစ်ဒဏ်က ၂ နှစ်ပါ “ဟုဆိုသည်။

ပြီးခဲ့သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ကျင်းပသည့် (၅၆)နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ဒေါ်ညိုအေး တက်ရောက်ခဲ့ပြီး သူမ၏ အတွေ့အကြုံများကို ဟောပြောခဲ့သည်။

ထို့နောက် အသက် ၆၀ ကျော်အရွယ် ဒေါ်ညိုအေးအား စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက သြဂုတ်လ ၁၅ ရက်တွင် ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ပြီး စစ်တွေထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားသည်။

သူ့မှာ သွေးတိုးရောဂါအခံရှိသောကြောင့် ကျန်းမာရေအခြေအနေစိုးရိမ်ရကြောင်းသိရသည်။

၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ရက္ခိုင်ပြည်သူ ပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိမှု အဖြစ်အပျက်များရှိခဲ့သည့်အတွက် သြဂုတ်လ ၁၃ ရက်နေ့ကို စစ်တွေဆန်ပြဿနာနေ့အဖြစ် ရက္ခိုင် တစ်မျိုးသားလုံးက အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ကြခြင်းဖြစ်သည်။

ဆန္ဒပြလူအုပ်ကို ပစ်ခတ်နှိမ်နှင်းစဉ်က သေဆုံးသူ ၂၄ ဦးသာရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။

စစ်တွေကျောင်းသားသမဂ္ဂအသင်းမှ သြဂုတ် ၁၃ ဆန်ပြဿနာနေ့ကို ယခုနှစ်အပါဝင် ၁၁ နှစ်ပြုလုပ်ကျင်းပခဲ့သည်ဟုသိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ