Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်သို့ပြန်မည့်လူငယ် ၂၀ခန့်ကို မင်္ဂလာဒုံလေဆိပ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွား

ရက္ခိုင်သို့ပြန်မည့်လူငယ် ၂၀ခန့်ကို မင်္ဂလာဒုံလေဆိပ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွား

AB News -မတ်လ ၈၊ ၂၀၂၄

ရက္ခိုင်သို့ပြန်မည့်လူငယ် ၂၀ခန့်ကို ယနေ့ မတ်လ ၈ရက်၊ နံနက် ၆နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်၌ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့သွားကြောင်း သိရသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ရက္ခိုင်လူငယ် ၂၀ခန့်ကို ရွှေပြည်သာမြို့၊ စစ်ထောင်သို့ ပို့ထားကြောင်းလည်း သိရသည်။ 

ရန်ကုန်မှ သံတွဲသို့ ပျံသန်းမည့် Myanmar International Airline Flight မှ လေယာဉ်အမှတ် (UB -405) လေယာဉ်ဖြင့် စီးနင်းလိုက်ပါမည့် အသက် ၂၅နှစ်မှ ၃၀နှစ်ကြားရှိ ရက္ခိုင်ခရီးသည် ၂၀ခန့်အား မင်္ဂလာဒုံလေဆိပ်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသူ ၏ ဆွေမျိုးသားချင်း ၁ဦးက ပြောသည်။

“ဒီနေ့ မနက်မှာ ကျနော့်တူမကို လေယာဥ်ကွင်းကို ပို့ဆောင်ခဲ့တယ်။ လေယာဉ်ပေါ်ကို မတက်မီ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်။ လေဆိပ်မှာ ၁နာရီကြာ ထိန်းသိမ်းခဲ့ပြီး ရွှေပြည်သာ စစ်ထောင်ကို ယူဆောင်သွားတယ်။ အခုတော့ အဆက်အသွယ်လည်း မရတော့ဘူး” ဟုဆိုသည်။

ဖမ်းဆီးခံထားရသည့် အသက် ၂၅ နှစ်အရွယ်ရှိ ၎င်း၏ တူမသည် နာမကျန်းဖြစ်နေ၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး ရက္ခိုင်သို့ပြန်ရန်အတွက် ဆေးရုံ ဆေးမှတ်တမ်းနှင့် ရပ်ကွက်ထောက်ခံစာများ အပြည့်အဝ ပါရှိသူဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရက္ခိုင်သို့ ထွက်လာသည့် ကား ၃ စီးကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်ခိုင်းပြီး စီးနင်းလိုက်ပါလာသည့် ရက္ခိုင်လူငယ် ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ကာ လှိုင်သာယာမြို့နယ်၊ တပ်မ ၅၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆က်နေ့တွင်လည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ရပ်ကွက်ရှိ အမျိုးသမီးအဆောင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ ရခိုင်အမျိုးသမီး ၅ ဦးကို ဖမ်းဆီးသွားပြီး အရပ်ပေ စံချိန်မမီသည့် တစ်ဦးကို ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ရက်နေ့ ရန်ကုန်မှ ကျောက်ဖြူသို့ ပြန်လာသည့် ကျောင်းသား၊ လူငယ်များအပါအဝင် ၆၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်‌ဆေးကာ ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တွေလေဆိပ်နှင့် အမ်းလေဆိပ်တို့တွင်လည်း မိမိဒေသသို့ ပြန်လာသည့် အရပ်သားပြည်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ထို့အပြင် ဖေဖော်ဝါရီလ ၁၂ရက် မနက်ပိုင်းအချိန်တွင် မန္တလေးမြို့ရှိ လူစည်ကားသည့် ဈေးများနှင့် လမ်းမများတွင် စစ်ကောင်စီအဖွဲ့က မန္တလေးမြို့ရှိ ရခိုင်စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များ၌ သွားရောက် မဝယ်ယူရန်၊ ရက္ခိုင်ဆိုင်မှန်သမျှ မန္တလေးမြို့က နေထွက်သွားရန်၊ ရက္ခိုင်ဆိုင်များကိုပိတ်သိမ်းရန် စသည့် လူမျိုးရေး အဓိကရုဏ်း၊ လူမျိုးရေး မုန်းတီးမှု၊ ဖိနှိပ်မှုများကို ဦးတည်စေသည့် ဝါဒဖြန့် လက်ကမ်းစာစောင်များ လိုက်လံ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ 

ယင်းအပြင် ရက္ခိုင်တွင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာများမှ မူဆလင်လူငယ်များကို စစ်ကောင်စီက မတရားဖမ်းဆီးပြီး စစ်တွေတွင် စစ်သင်တန်းပေးနေသည့် ရုပ်သံဖိုင် တစ်ခုအားတွေ့ရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ