Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်သတင်းထောက်ကို သတ်ရန်အမိန့်ပေးခဲ့သည့် မြောက်ဦးခရိုင်ရဲတပ်ဖွဲမှူးကို အရေးယူပေးရန် CPJ တောင်းဆို

ရက္ခိုင်သတင်းထောက်ကို သတ်ရန်အမိန့်ပေးခဲ့သည့် မြောက်ဦးခရိုင်ရဲတပ်ဖွဲမှူးကို အရေးယူပေးရန် CPJ တောင်းဆို

AB News-ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄
မြောက်ဦးအချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရက္ခိုင်သတင်းထောက်ကိုမြတ်သူထွန်း(ခ)ကိုဖိုးသီဟ အား သတ်ဖြတ်ရန်အမိန့်ပေးခဲ့သည့် မြောက်ဦးခရိုင်ရဲမှူးအား စစ်ဆေးအရေးယူပေးရန် သတင်းသမားများကာ ကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)က စစ်ကောင်စီကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တောင်းဆိုလိုက်သည်။

CPJ ၏ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က “သတင်းထောက်မြတ်သူထွန်းသတ် ဖြတ်ခံရမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု ပြောသည်။
ရက္ခိုင်သတင်းထောက် ကိုမြတ်သူထွန်း(ခေါ်)ကိုဖိုးသီဟအပါအဝင် ၇ ဦးကို သတ်ဖြတ်ရန်အမိန့်ပေးခဲ့သူမှာ မြောက်ဦးခရိုင်ရဲတပ်ဖွဲမှူးရုံး၊ရဲခရိုင်မှူးဒုတိယရဲမှူးကြီးခင်မောင်စိုးဖြစ်ပြီး သတင်းထောက်ကိုဖိုးသီဟအား သေနတ်ဖြင့်ပစ်သတ်ခဲ့သူမှာ တပ်ကြပ်ကြီးစံဦးမောင်၏သား အရပ်သားဇော်ဇော်အောင်ဖြစ်ကြောင်း Arakan Bay News က စုံစမ်းသိရသည်။
သတင်းထောက်ကိုဖိုးသီဟနှင့်အရပ်သား ၇ ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီ ၂၀ မိနစ် ခန့်တွင် မြောက်ဦးမြို့ ၊ ခမရ ၃၇၈ တပ်ရင်း၊ ဗဟိုကင်းအတွင်းရှိ ဆေးရုံအနောက်ဖက် တောင်ကြားတွင် တူးထားသည့် ဗုံးခိုကျင်းတွင် မျက်လုံးကိုအဝတ်စဖြင့်စည်းထားကာ နောက်ဖက်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်ထံတွင် ဖမ်းဆီးခံထားရသည့် ကျူးလွန်သူများထဲတွင် ပါဝင်သူများ ထွက်ဆိုချက်အရ သိရသည်။

မြောက်ဦးမြို့ ခမရ ၃၇၈ တပ်ရင်း၊ ဗဟိုကင်းအချုပ်ခန်းတွင် ချုပ်နှောင်ခံထားရစဥ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူများမှာ (၁) သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ (၂) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့ (၃) ကိုကျော်သိန်းလှိင် (၄) ကိုကျော်ဝင်းလှိုင် (၅) ကိုကိုညွန့် (၆) ကိုဝင်းနိုင် (၇) ကိုပြည့်စုံဝင်း တို့ (၇) ဦးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေးဌာနမှ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်သည်။

သတင်းထောက် ကိုဖိုးသီဟမှာ Western news၊ DMG၊ 7 Days၊ DVB၊ The Voice စသည့် သတင်းမီဒီယာများတွင် ၁၀ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

၎င်းမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ရက္ခိုင်ပြည် မြောက်ဦးမြို့ရှိ ၎င်း၏ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅ (က) ပုဒ်မဖြင့် ‌မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ ဗိုလ်ကြီးကျော်လွင်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ခံနေခဲ့ရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ