Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရှိ မြို့ ၄ ​မြို့မှ စစ်ကောင်စီတပ်စခန်းကြီး ၅ခုကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ

ရက္ခိုင်ရှိ မြို့ ၄ ​မြို့မှ စစ်ကောင်စီတပ်စခန်းကြီး ၅ခုကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ

AB News – ဧပြီ ၃၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ ဘူးသီးတောင်၊ အမ်း၊ မောင်တော၊ မြေပုံမြို့နယ်မှ စစ်ကောင်စီတပ်စခန်းကြီး ၅ ခုကို  ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ယခုရက်များအတွင်း၌ ရက္ခိုင့်တပ်တော်မှ အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ ၏ စခန်းများမှာ  ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ဖြစ်ကြသည်” ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ ၅၆၄ တပ်ရင်းဌာနချုပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ကာ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မြေပုံမြို့နယ် စညှင်းကျေးရွာအရှေ့ဖက်မီတာ ၁၅၀၀ ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၇ စခန်း အား ဧပြီလ၂ ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ် မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ဒုတိယနေ့ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါစခန်းသည် စစ်ကောင်စီ၏ ရှေ့တန်းအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာ အမှတ် ၃ စခန်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် လေကြောင်းပစ်ကူများကို အသုံးပြုပြီးအသည်းအသန် ခုခံကာကွယ်နေသကဲ့သို့
ရက္ခိုင့်တပ်တော်မှလည်း ထိုးစစ်အား တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်လျက်ရှိသောကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့၊ ညနေ ၃ နာရီ ၅ မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ မျက်မြင် ၄ ဦး သေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ