Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရှိ မြို့နယ် ၆ ခုတွင် စစ်ကောင်စီမှ လေတပ်၊ ရေတပ်အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း AA ထုတ်ပြန်

ရက္ခိုင်ရှိ မြို့နယ် ၆ ခုတွင် စစ်ကောင်စီမှ လေတပ်၊ ရေတပ်အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း AA ထုတ်ပြန်

AB News – ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြို့နယ် ၆ ခုတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ လေတပ်၊ ရေတပ်အပါအဝင် လက်နက်ကြီးများဖြင့် ရပ်ရွာများသို့ ဦးတည်ပစ်ခတ်နေကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ၁ နာရီ ၄၃ မိနစ်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်အတွင်းရှိ စခန်းတချို့သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းများမှလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊ နံနက် (၈) နာရီခန့်မှ စတင်ပြီး ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း ဆိုထားသည်။

ရှမ်းမြောက်နှင့် ရက္ခိုင်ပြည်အတွင်း အထိနာကျဆုံးနေသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တို့သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရပ်ရွာများသို့ ဗုံးကြဲချခြင်း၊ ဒေသခံပြည်သူများကို AA ဟု သတ်မှတ်ပြီး ဖမ်းဆီးလာခြင်း များကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း AA ကိုအလိုမရှိ ဟူသည့် စာရွက်များဖြင့် သစ်ပင်များ၊ ဓာတ်တိုင်များပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်လာနေမှုများတွေ့ရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက်စကစ တို့သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပန်းမြောင်း ရွာနှင့် တောင်တန်းများသို့ ရဟတ်ယာဥ်၊ ဂျက်လေယာဥ်တို့ဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်‌တော်သည် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံး အပြီးပိုက်သိမ်းပိုက်ထားကြောင်း AA ကဆိုသည်။

စကစ စခန်းကုန်းများ တစ်ခုပြီးတစ်ခုကျရှုံးလာသည့်အတွက် ၎င်းတို့ထုံစံအတိုင်း ရပ်ရွာများသို့ အမြောက်များဖြင့် လှမ်းပစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ