Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရှိ မူဆလင်များကို  လက်နက်ကိုင်  အကြမ်းဖက်မှု လုပ်ရန် စစ်ကောင်စီအဖွဲ့စည်းရုံး

ရက္ခိုင်ရှိ မူဆလင်များကို  လက်နက်ကိုင်  အကြမ်းဖက်မှု လုပ်ရန် စစ်ကောင်စီအဖွဲ့စည်းရုံး

AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

မောင်တောခရိုင်ရှိ မူဆလင်များကို အစည်းအဝေးခေါ်ယူကာ လက်နက်ကိုင်ပြီး လူမျိုးရေး အကြမ်းဖက် အဓိကရုဏ်းဖန်တီးရန် အကြမ်းဖက်စစ်ကောင်စီက စည်းရုံးနေကြောင်း ဒေသခံများက AB News သို့ ပြောကြားသည်။

မောင်တောမြို့၊ မြို့သူကြီး အမှတ် ၅ နယ်ခြားစောင့်ခွဲ တပ်ရင်းအတွင်း တပ်မမှူး သူရိန်ထွန်း နှင့် ခရိုင်အုပ်ချုပ်ရေးမှူး နေဦးတို့သည် မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူးများနှင့် မူဆလင်ဘာသာရေးခေါင်းဆောင်မော်လဝီများကို ခေါ်ယူကာ လက်နက်ကိုင်ဆောင်ရန် စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူးများနှင့် မော်လဝီဆရာများကို မြို့သူကြီး နခခ ၅ တပ်ရင်းသို့ ခေါ်ပြီး လက်နက်ကိုင်ဆောင်ရန် စည်းရုံးခဲ့ကြောင်း ဒေသခံ ၁ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ)က လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ်။ ရက္ခိုင်သားတွေကြောင့် မင်းတို့ ဒုက္ခဖြစ်နေတာလို့ ပြောတယ်။ အဲ့ဒီအတွက် မင်းတို့လက်နက်ကိုင်​ဆောင် ရမယ်လို့ ပြောတယ်။ ရက္ခိုင် ရွာတွေကို မီးတိုက်ကြ၊ မင်းတို့ကို ငါတို့ လက်နက်တွေ ပေးမယ်လို့ ကတိပေးခဲ့တယ်” ဟု ဆိုသည်။

အစည်းအဝေးတက်ရောက်သည့် အုပ်ချုပ်ရေးမှူးများနှင့် မူဆလင်ဘာသာရေးခေါင်းဆောင်မော်လဝီများက ၎င်းတို့အား နိုင်ငံသားအဖြစ် တရားဝင် သတ်မှတ်ပေးပါကာ လက်နက်ကိုင်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များမှ သိရှိရသည်။

အချို့အုပ်ချုပ်ရေးမှူးများနှင့် မော်လဝီများမှာ လက်နက်ကိုင်ဆောင်ရန် လက်မခံခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီသည် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်များကို အစည်းအဝေးခေါ်ယူကာ လက်နက်ကိုင်ဆောင်ရန် စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တောင်ပြို (လက်ဝဲ/လက်ယာ)စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလီအကြမ်းဖက် မူးယစ်ဂိုဏ်းများဖြစ်သည့် ARAနှင့် RSO တိုနှင့် ကြိုတင်ညှိုနှိုင်းမှုပြုလုပ်ကာ စစ်ကောင်စီအဖွဲ့၏ ရဲမှူးများက ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်း  ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ABN#မောင်တော#စစ်ကောင်စီလူမျိုးရေးပဋိပက္ခဖန်တီးနေ

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ