Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မြောက်ပိုင်း မောင်တောတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု များလာသောကြောင့် UN နှင့် INGO၊ NGO အဖွဲ့များ ထွက်ခွာ

AB News – ဖေဖော်ဝါရီလ ၁၁၊ ၂၀၂၄

ရက္ခိုင် မြောက်ပိုင်း မောင်တောမြို့နယ်တွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတို့သည်တစ်နေ့ထက်တစ်နေ့   တိုက်ပွဲပြင်းထန်လာလာနေပြီး စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုများကြောင့် မောင်တောမြို့ရှိ UN နှင့် INGO၊NGO များ ယနေ့ ဖေဖော်ဝါရီ ၁၁ရက် နံနက်ပိုင်းအချိန်က ထွက်ခွါသွားကြကြောင်း သိရသည်။

ရက္ခိုင်ပြည် မောင်တောမြို့မှ ထွက်ခွာသွားသည့် အဖွဲ့များမှာ UNHCR လက်အောက်ခံအဖွဲများဖြစ်ကြသော WFP၊ ACF၊ BAJ၊UNICEF၊ UNFPA၊ UNDP၊ IOM၊ Malteser ၊UNDSS ၊DRC၊ CFSI၊NRC၊CSI၊Word Vision တို့မှ နိုင်ငံခြားသားများနှင့်ဝန်ထမ်းများအားလုံးဖြစ်ကြသည်ဟု တာဝန်ရှိသူများထံမှသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၁ရက် နံနက်ပိုင်းအချိန်တွင် ရက္ခိုင်ပြည်၊ မောင်တောခရိုင်မှ UN နှင့် INGO၊NGO များ ထွက်ခွါသွားပြီဖြစ်ကြောင်း မောင်တောဒေသခံ ၁ဦးက ပြောဆိုသည်။

“ဒီနေ့ မနက်အစောပိုင်းအချိန်မှာ မောင်တောခရိုင်က UN၊ INGO၊NGO အဖွဲ့တွေရဲ့ ပြည်မကဝန်ထမ်းတွေနဲ့ နိုင်ငံခြားသားအားလုံးဟာ မောင်တောမြို့က ထွက်ခွာသွားကြပြီ။ ဘူးသီတောင်ကနေ စစ်တွေကို ရွှေပြည်တန်နဲ့ သွားမှာဖြစ်ပြီး စစ်တွေက ရန်ကုန်ကို လေယာဥ်နဲ့ သွားကြမှာပါ” ဆိုသည်။

ရခိုင်ပြည်ရှိ အခြားမြို့များက UN၊ INGO နဲ့ NGO အဖွဲ့များသည်လည်း ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်သို့ လေကြောင်းဖြင့် ထွက်ခွာသွားခဲ့ကြသည်။

လက်ရှိအချိန်တွင် ရက္ခိုင်၌  ICRC၊ MRCS နဲ့ MSF တို့ ၃ ဖွဲ့သာကျန်နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်ပြီး ရက္ခိုင့်တပ်တော်က တောင်ပြိုယာ ကာကင်းစခန်းနှင့် တောင်ပြိုလက်ဝဲဗျူဟာကုန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အချိန်တွင် စစ်ကောင်စီအဖွဲ့က စစ်ရဟတ်များ၊ Jet Fighterများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် လူနေရပ်ကွက်၊ ကျေးရွာများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပြားလာကြောင့် UN ၊INGO နှင့်NGO စသည့် အမည်၊  အမှတ်အသားများကို ရုံးခေါင်မိုးများ၌ ရေးသားထားခဲ့ကြသည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု၊ တမင်ရည်ရွယ်ပစ်ခတ်မှုများကြောင့် နေ့တိုင်းနီးပိုင်း ရက္ခိုင်ပြည်အနှံ့တွင် မီးလောင်ပျက်စီးမှု၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်ကိုတွေ့ရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ