Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မြို့နယ် ၂ ခုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေသည့်အပြင် ရဟတ်ယာဥ်ပါ ပျံဝဲနေ

ရက္ခိုင်မြို့နယ် ၂ ခုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေသည့်အပြင် ရဟတ်ယာဥ်ပါ ပျံဝဲနေ

AB News- နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည် မြို့နယ် ၂ ခုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ရဟတ်ယာဥ် တစ်စင်းလည်း ပျံဝဲသွားလာနေကြောင်း သတင်း ရရှိသည်။

လက်နက်ကြီးပစ်ခတ်နေသည့်မြို့များမှာ မင်းပြားမြို့ ကျိန်းတောင်တပ်ရင်း နှင့် မောင်တောမြို့ အင်းဒင် တပ်စခန်းအနီး ပင်လယ်၌ရှိသော စကစ ရေတပ်နေဗီတို့မှဖြစ်​ကြောင်း စုံစမ်း သိရှိရသည်။

မင်းပြားကျိန်းတောင်မှ ယနေ့ ညနေ ၇ နာရီကျော်မှ လက်နက်ကြီးစတင်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီး ၃ ချက်ခန့် ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ အင်းဒင်အနီး စကစ ရေတပ်နေဗီမှလည်း လက်နက်ကြီး ပစ်ခတ်မှု ၅ ချက်ခန့် ရှိပြီးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ရက္ခိုင့်တပ်တော်ကို ခိပ်တိုက် ရင်ဆိုင်မတွေ့ဝံ့ဘဲ ပြည်သူများကိုခြိမ်းခြောက်နေကြောင်း မင်းပြား ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“စကစ တွေက AA ကို တိုက်ဝံ့တာမဟုတ်ဘူး၊ တောင်ပေါ်တွေက နေပြီးပြည်သူတွေကြောက်အောင် လက်နက်တွေလှမ်းပစ်နေကြတယ် “ဟု ဆိုသည်။

၎င်းတို့သည် ညအချိန်ဆိုလျှင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ် နေ့တိုင်းပစ်ခတ်လျက်ရှိသည်ကိုတွေ့ရသည်။

ယနေ့ အောက်တိုဘာလ ၁၅ရက်နေ့ ညနေ ၇ နာရီကျော်တွင် ရသေ့တောင်ဖက်မှ ဘူးသီးတောင်ဖက်သို့ လေယာဥ်တစ်စင်း ပျံသန်းသွားကြောင်း သိရှိရသည်။

ထို့အ​ပြင်ဘူးသီးတောင်မှ မောင်တောဖက်သို့ စစ်ကူလာသည့် စကစ စစ်ကား ၄ စီးအား ရက္ခိုင့်တပ်တော် AA မှ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီးရရှိထားကြောင်း AB News က စုံစမ်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်