Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည် နယ်စပ် တောင်ပြိုလက်ဝဲဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ

(စစ်ကောင်စီအဖွဲ့ဝင်များ ဘင်္ဂလားဒေချ့်နိုင်ငံထဲ ဝင်ပြေး)

AB News – ဖေဖော်ဝါရီ ၄၊ ၂၀၂၄

ရက္ခိုင်ပြည် မြောက်ပိုင်း နယ်စပ်ဒေသ မောင်တောမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ တောင်ပြိုလက်ဝဲဗျူဟာကုန်းကို ယနေ့ ဖေဖော်ဝါရီ ၄ရက်၊ နံနက် ၂နာရီခွဲအချိန်ဝန်းကျင်မှ စတင်​ကာ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AB News မှ စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၄ရက်၊ နံနက် ၂နာရီခွဲအချိန်ဝန်းကျင်မှ စတင်ကာ မောင်တောမြို့အခြေစိုက် စစ်ကောင်စီ၏ လက်ဝဲ တောင်ပြိုဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“မနက် ၂နာရီခွဲ အချိန်က စပြီးတော့ တောင်ပြိုလက်ဝဲဗျူဟာကုန်းအနီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်။ တိုက်ပွဲဖြစ်တာကတော့ ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ဝဲဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်” ဟု ပြောဆိုသည်။

ယနေ့ မနက် ၂နာရီခွဲ အချိန်တွင် ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ဝဲဗျူဟာကုန်းကို တိုက်ခိုက်ပြီးနောက် အ​ကြမ်းဖက် စစ်ကောင်စီတပ်သား ၁၄ ဦးထက်မနည်း ဘင်္ဂလားဒေချ့်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်အဖွဲ့ဝင် ၁၄ဦး ဘင်္ဂလားဒေ့ရှ်ဖက်ကမ်းသို့ ထွက်ပြေးလာပြီး ခိုလှုံနေကြောင်း ဘင်္ဂလားမီဒီယာ Prothom Alo ဖော်ပြထားသည်။

တောင်ပြိုဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း အဆိုပါ ဗျူဟာကုန်းကို စစ်ရဟတ်ယာဥ်များ၊ တိုက်လေယာဥ်များဖြင့် အဆက်မ​ပြတ် ပစ်ကူပေးလျက်ရှိသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁၃လုံး ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းသို့  ကျရောက်ပေါက်ကွဲပြီးနောက် ဘင်္ဂလားဒေ့ချ်ဘက်မှ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ချထားကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ချ်နိုင်ငံပိုင် Bangladesh Sangbad Sangstha (BSS) သတင်းဌာနက ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ-Prothom Alo

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ