Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်သူ့အစိုးရသို့ အမှုပေါင်း ၉ ထောင်ကျော်လာရောက်တိုင်ကြား၊ ၅ ထောင်ကျော်ကို ဖြေရှင်းပြီးစီးကြောင်း AA ပြော

ရခိုင်ပြည်တွင် ရက္ခိုင့်ပြည်သူ့အစိုးရအနေဖြင့် တရားစီရင်ရေးများကို ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် တိုင်ကြားလာသည့် အမှုပေါင်း ၉၇၃၁ မှုရှိပြီး ၎င်းအမှုများထဲမှ ၅၅၃၀ မှုတို့ကို ဖြေရှင်းပြီးစီးခဲ့ပြီဖြစ်ကြောင်း ယနေ့နိုဝင်ဘာလ ၂၈ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည့် ရက္ခိုင့်တပ်တော်၏ ၆ ကြိမ်‌မြောက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခမှပြောကြားခဲ့သည်။

ရခိုင်ပြည်သူများမှ တိုင်ကြားလာသည့် အမှုများမှာ ရာဇဝတ်မှု ၄၃၆၅ မှု၊ တရားမမှု ၅၃၆၆ မှု ရှိပြီး ၎င်းအမှုများထဲမှ ဖြေရှင်းပြီးသည့်အမှုများမှာ ရာဇဝတ်မှု ၂၈၀၉ မှုနှင့် တရားမမှု ၂၇၂၁ မှုတို့ကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောကြားသည်။

”လက်ရှိ ULA တရားရေးဌာနသို့ တိုင်ကြားလာတဲ့ အမှုတွေကတော့ ရာဇဝတ်မှုပေါင်း ၄၃၆၅ မှု၊ တရားမမှုပေါင်း ၅၃၆၆ မှုနှင့် အမှုစုစုပေါင်း ၉၇၃၁ မှုရှိပါတယ်၊ ယင်းအထဲမှ ရာဇဝတ်မှုပေါင်း ၂၈၀၉ မှုနှင့် တရားမမှု ၂၇၂၁မှုကို စီရင်ချက်ချမှတ်ခဲ့ပြီး အမှုစုစုပေါင်း ၅၅၃၀ မှုကို ဖြေရှင်းပေးခဲ့ပြီးဖြစ်ပါတယ်” ဟုဆိုသည်။

စစ်တွေမြို့မှ မနွယ်သန္တာဝင်း အမှုနှင့်ပတ်သက်ပြီးလည်း စွဲချက်တင်ခြင်း၊ စွဲချက်အမိန့်ကို အထက်တရားရုံးသို့ ပြင်ဆင်ချက်တင်ခြင်းများ၊ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အတူ စနစ်တစ်ကျ ပုံမှန်ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းအပြင် ရက္ခိုင့်ပြည်သူ့အစိုးရ၏ ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှမရှိရဟုဆိုခဲ့သည့်အပြင် လူမျိုးဘာသာ အရောင်အသွေး မခွဲခြားဘဲ စီရင်ဆောင်ရွက်လျက် ရှိနေကြောင်း ဦးခိုင်သုခမှ ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် လက်ရှိအချိန်တွင် ရခိုင်ပြည်အနှံ့ကို အတိုင်းအတာ တစ်ခုထိ ထိမ်းချုပ်ထားလျက်ရှိပြီး တရားစီရင်ရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်အစောပိုင်းကာလမှစတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ