Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးနေသော ALP တပ်ဖွဲဲ့ဝင်တစ်ဦး စစ်တွေမြို့ပေါ်တွင် အသတ်ခံရ

AB News-စက်တင်ဘာ ၁၅ ရက်

ခွဲထွက် ALP တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သော ခိုင်ဆိုးမိုက် ဆိုသူသည် ရခိုင်ပြည်၊ စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ ကြေးနန်းရုံး ရှေ့အနီးတွင်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်နေ့၊ နေ့လည် ( ၁၂) နာရီကျော်ခန့်အချိန်တွင် အသတ်ခံရကြောင်းသိရှိရသည်။

၎င်းပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်း၊ ရှင်ရွာဇာတိဖြစ်ပြီး အသက်(၃၅) နှစ်ဝန်းကျင်ဟု ခန့်မှန်းကြသည်။

သူသည် ခွဲထွက် ALP ၏အနည်းငယ်သော လက်ကျန် ဆိုးသွမ်းသည့်အဖွဲ့ဝင်များထဲတွင် အဆိုး အမိုက်ဆုံးသောသူတစ်ဦးဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုအား လက်နက်အားကိုးဖြင့် အုပ်စုဖွဲ့အနိုင်ကျင့်နေသောသူတစ်ဦးဖြစ်ကာ စစ်တွေမြို့ ၊နာဇီရွာ တွင် အခြေစိုက်နေထိုင်ကြသော လူမိုက်အုပ်စုခေါင်းဆောင် တစ်ဦး ဖြစ်သည်။

တစ်ဆက်တည်းတွင် စစ်တွေမြို့ခံများထံမှဆက်လက်သိရှိရသည်မှာ “သူသည် လူမိုက်များမွေးစပ်ကာ စစ်ကောင်စီ၏ အကာအကွယ်ကိုယူပြီး မိုက်ကြေးဖွဲ့ဆတ်ကြေးတောင်းနေခြင်း၊ သူခိုးလက်ခံပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်နေခြင်း၊ မသိနားမလည်သော ပြည်သူများ၏ အမှုအခင်းများကို လက်ခံဖြေရှင်းရာတွင် အနိုင်ကျင့်ငွေညှစ်ပြီး အတင်းအဓမ္မ ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးများကို ၎င်းတို့မွေးစပ်ထားသော လူဆိုးသူခိုးများမှတဆင့် လက်လီဖြန့်ချီနေခြင်း၊ ၎င်းတို့မွေးစပ်ထားသော လူဆိုးများအား လုယက်မှု၊ ခိုးယူမှုများပြုလုပ်ရန် စီစဉ်ညွှန်ကြားခြင်း၊ စျေးဆိုင်များ၊ ဆိုင်သည်များထံမှ မတရားသဖြင့် ငွေတောင်းခြင်း၊ ငွေတောင်း၍မရသောသူများကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံခြင်း၊ ပြန်ပေးဆွဲသည့်ပုံစံမျိုးဖြင့် ငွေတောင်းခံခြင်း၊ အမျိုးသမီးများအား အုပ်စုဖွဲ့ ကာယိန္ဒြေပျက်ပြားအောင်ပြု ကျင့်ခြင်း၊အနိုင်ကျင့်ခြင်း၊ စသည့် လူဆိုးလူမိုက်များ ပြုလုပ်လေ့ရှိသော မတရားနည်းလမ်း ပေါင်းစုံ ကို အသုံးပြုကာ လူမိုက်ဂိုဏ်းဆန်ဆန် ခိုး၊ဆိုး၊လုယက်၊ အုပ်စုဖွဲ့ အနိုင်ကျင့်နေသော အုပ်စု၏ ခေါင်းဆောင်၊ နောက်ကွယ်မှ အဓိကကြိုးကိုင်နေသူဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

ခွဲထွက် ALP လူဆိုးများ၏ ဤကဲ့သို့သော အနိုင်ကျင့်နေသည်များကို ခံစားနေကြရသော ပြည်သူများမှ မခံမရပ်နိုင်ဖြစ် ယကာ ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့ဒေသခံများအကြားတွင် ပြောကြားနေကြသည်။

ထို့အပြင် ခွဲထွက် ALP သည် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ၊ အားပေးထောက်ခံနေကြသော ပြည်သူလူထုများ၊ ရခိုင်တော်လှန်ရေးသမားများ၊ ရခိုင်မျိုးချစ်များကို စစ်ကောင်စီမှ ဖမ်းဆီနိုင်ရန် အတွက် လက်ထောက်ချ ပေးခြင်း၊ ဝိုင်းဝန်းဖမ်းဆီးနိုင်ရေးကိစ္စရပ်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပေးခြင်း၊ လမ်းပြပေးခြင်း၊ စစ်ကောင်စီထံမှ အခကြေးငွေယူ၍ သတင်းပေးနေခြင်း၊ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူရောထိုင်၍ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်နေခြင်း၊ ရန်သူ့သတင်းပေး လုပ်နေခြင်းတို့ကို ဆက်တိုက်လုပ်နေသောကြောင့် ရက္ခိုင်ပြည်သူလူထုတစ်ရပ်လုံး၊ ရက္ခိုင့်တော်လှန်ရေး ၏ အမျိုးသားတော်လှန်ရေး သစ္စာဖောက်များ ဖြစ်ကာ ပြည်သူ့အံဖတ်များအဖြစ်သို့ရောက်ရှိလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ