Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ကို AA သိမ်းပိုက်ခါနီး စစ်ကောင်စီ ခေါင်းဆောင်များ မောင်တောသို့ရောက်ရှိနေ

AB News-ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ ဘင်္ဂလာ-နယ်စပ်ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခါနီးသည့်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီ ၏ ထိပ်ပိုင်းခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ရက် မွန်းလွှဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ဒုခေါင်းဆောင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း၊ ဒေါ်အေးနုစိန်နှင့် ဦးအေးမောင်တို့သည် မောင်တောမြို့ မြို့သူကြီးရပ်ကွက်ရှိ နခခ ၅ သို့ စစ်ရဟတ်ယာဥ်ဖြင့် ရောက်ရှိနေကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှ အတည်ပြုပြောကြားသည်။

မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က ဝိုင်းဝန်းပိတ်ဆို့ကာ တိုက်ခိုက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို ရက္ခိုင့်တပ်တော်က ထိမ်းချုပ်ခါနီးတွင် ရောက်ရှိလာခြင်းဖြစ်သည်။

ထို့အပြင် တောပြိုလက်ဝဲဗျူဟာကုန်း၊ ကျီးကျွန်းနစက စခန်းများမှ စစ်ရှုံး၍ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံဖက်ကမ်းသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ တို့အား ပြန်လည်လက်ခံရေးအတွက် ၎င်းတို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော်က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်၏ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို အပြီးပိုင်သိမ်းပိုက် တိုက်ခိုက်ခဲ့တယ်။

ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ရှိ မောင်တောမြို့ကို သိမ်းပိုက်ရန် ကြိမ်ချောင်းတပ်မ၊ ကျီးကန်ပြင်ဌာနချုပ်၊ အင်းဒင်တပ်ရင်း၊ မောရဝတီဗျူဟာ၊ မြို့သူကြီးတပ်ရင်း၊ လှဖိုးခေါင်တပ်ရင်း၊ ခမောင်းဆိပ်ဗျူဟာတို့သာ ကျန်ရှိနေသည်။

ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ကို AA သိမ်းပိုက်ခါနီး စစ်ကောင်စီ ခေါင်းဆောင်များ မောင်တောသို့ရောက်ရှိနေ

ရက္ခိုင်ပြည်ရှိ ဘင်္ဂလာ-နယ်စပ်ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခါနီးသည့်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီ ၏ ထိပ်ပိုင်းခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ