Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ၁၂တန်းစာမေးပွဲဖြေဆိုနိုင်ရန် အာရက္ခအမျိုးသားပညာရေး အစီအစဉ်ဖြင့် ဆောင်ရွက်နေ

ရက္ခိုင်တွင် ၁၂တန်းစာမေးပွဲဖြေဆိုနိုင်ရန် အာရက္ခအမျိုးသားပညာရေး အစီအစဉ်ဖြင့် ဆောင်ရွက်နေ

AB News – မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်တွင် ၁၂တန်း စာမေးပွဲဖြေဆိုနိုင်ရန် အာရက္ခအမျိုးသားပညာရေး အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရက္ခိုင်မှာ ပညာရေးမနှောင့်နှေးရအောင် ၁၂တန်းစာမေးပွဲကို အာရက္ခအမျိုးသားပညာရေးအစီအစဉ်နဲ့ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။

ရက္ခိုင်ရှိ အခြေခံပညာရေးပြီးမြောက်ထားသည့် ကျောင်းသားများအတွက်လည်း အဆင့်မြင့်ပညာရပ်ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုထားသည်။

ရက္ခိုင့်အနာဂတ်တိုင်းပြည်တည်ဆောင်ရေးလုပ်များကို ဆောက်ရွက်နိုင်ရန် လိုအပ်သည့် လူသားအရင်းအမြစ်ကို ပြည့်ဝရန် ပညာရေးသည် အက္ခရာကျသည့်အတွက် တတ်သိပညာရှင်များ၊ ကျောင်းသား၊ မိဘ၊ ဆရာများက အာရက္ခအမျိုးသားပညာရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ရက္ခိုင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသောကြောင့် ကျောင်းသားများမှာ စစ်ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြသည်ကို တွေ့ရှိရသည်။

တစ်ဖက်တွင် အာဏာသိမ်းစစ်အစိုးရသည် ရက္ခိုင်မှ ကျောင်းသားများ ၁၂တန်းစာမေးပွဲရန် စာစစ်ဌာနများကို မြို့များတွင် ပြောင်းရွေ့ပြုလုပ်သွားမည် ထုတ်ပြန်ထားသော်လည်း လူငယ်များကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးနေသည့်အတွက် ကျောင်းသားများမှာ စစ်ကောင်စီထံ ဖမ်းဆီးခံရမည်ကို ကြောက်ရွံနေကြသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ