Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် လတ်တလော တိုက်ပွဲကာလ ၆ ရက်အတွင်း စစ်ဘေးရှောင် ၂၆၀၀၀ ကျော်ရှိကြောင်း UNOCHA ထုတ်ပြန်

AB News-နိုဝင်ဘာ ၁၉၊၂၀၂၃

ရက္ခိုင်တွင် လတ်တလော နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ထိ တိုက်ပွဲကာလအတွင်း စစ်ဘေး‌ရှောင် ၂၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

ရက္ခိုင်စစ်ဘေးရှောင်များမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဖြစ်ပြီး စစ်ဘေးရှောင် အရေအတွက် ၂၆၁၇၅ ဦး၊ အိမ်ထောင်စု ၄၇၆၅ စု ဖြစ်သည်ဟု ထုတ်ပြန်ပါရှိသည်။

စစ်တွေ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့ထဲမှ ပြည်သူများလည်း တိုက်ပွဲ ဖြစ်လာလျှင် စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေ လက်နက်ကျည်များကိုကြောက်၍ ထွက်ပြေးသူများပြားလာသောကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ UNOCHA မှ ထုတ်ပြန်သည်ထက် ပိုများနိုင်သည်ကိုတွေ့ရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကိုပိတ်ဆို့ထားသည့်အတွက် စစ်ဘေးရှောင်များမှာ ကယ်ဆယ်ရေးမရသည့်အတွက် နေ့စဥ်စားသောက်ရေးနှင့် ဆေးဝါးအခက်အခဲတို့ဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ကောင်စီက ကုန်းလမ်း ရေလမ်းများ ကန့်သတ် ပိတ်ပင်ထားသောကြောင့် UNOCHA နှင့် တခြား ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း ကယ်ဆယ်ရေးပစ္စည်းများ ပို့၍ မရဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ၇ ရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်၍ သေဆုံးသူ အနည်းဆုံး ၃၀ မှ ၄၀ ကြားထိ ရှိနိုင်ကြောင်း ရက္ခိုင်သတင်းမီဒီယာများမှ ဖော်ပြသည့် အချက်အလက်များအား စုစည်း၍ သိရသည်။

ပုံစာ-နိုဝင်ဘာ ၁၇ ရက်နေ့က ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်များ ထွက်ပြေးနေကြရပုံ/CJ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ