
AB News – သြဂုတ် ၁၆၊ ၂၀၂၅
မျိုးဟိန်း
စစ်ကော်မရှင် ထိန်းချုပ်မှုအောက်တွင် ရှိသော မြိုနယ် ၃ ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် စတင်လှုပ်ရှားနေကြောင်း သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကော်မရှင်ပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။
စစ်ကော်မရှင်၏ အစိုးရရုံးစိုက်ရာ စစ်တွေမြိုတွင် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ညှိနှိင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ ကျောက်ဖြူနှင့် မာန်အောင်မြိုနယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲဝင်များက ဗီဒီယိုအွန်လိုင်းစနစ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ဦးထိန်လင်းက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
သိုသော်လည်း ဒေသခံပြည်သူများကမူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ပြည်သူများကို ကိုယ်စားပြုမည် မဟုတ်ကြောင်း ပြောဆိုကြသည်။
“သူတိုလုပ်လာမယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူး။ သူတို ထိန်းချုပ်နယ်မြေတွေမှာလည်း ပြည်သူတွေ ငတ်မွတ်မှုတွေနဲ့ ကြုံနေရတယ်။ ပြီးတော့ လူငယ်တွေကိုလည်း AA လို သံသယတွေနဲ့ ဖမ်းဆီးသတ်ဖြတ်နေတာတွေ ရှိတယ်” ဟု အသက် ၃၀ အရွယ် စစ်တွေမြိုခံတစ်ဦးက ဆိုသည်။
ရက္ခိုင် နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲဖြစ်မြောက်ရန် ရာခိုင်နှုန်းအလွန်နည်းပါးကြောင်း သုံးသပ်ကြသည်။
“ရွေးကောက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေမျိုး မတွေ့ရဘူး။ သူတို ထိန်းချုပ်နယ်မြေတွေမှာလည်း စစ်ရေးအရ လုံခြုံမှု မရှိဘူး။ AA ကလည်း လုပ်ခွင့်မပြုဘူးလို ပြောထားတယ်။ ဆိုတော့ ရွေးကောက်ပွဲကို AA က ရအောင်တားမှာပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
စစ်ကော်မရှင်က ပါတီထောင်ခွင့်ပြုထားသော ရက္ခိုင်ပြည်ပါတီများတွင် ရက္ခိုင်ပြည် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံဖြိုးရေးပါတီ၊ ခမီအမျိုးသားဖွံဖြိုးရေးပါတီနှင့် ရက္ခိုင်အမျိုးသားပါတီ၏ ကျောက်ဖြူအမတ်ဟောင်း ဦးဘရှိန်ဦးဆောင်သည့် ရက္ခိုင်တိုင်းရင်းသားများပါတီတို ပါဝင်သည်။
ဩဂုတ်လ ၁၁ ရက်နေ့က အာရက္ခတပ်တော် (AA) က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ရက္ခိုင်တွင် ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း တရားဝင် ကြေညာထားသည်။
လက်ရှိတွင် စစ်တွေ နှင့် ကျောက်ဖြူမြိုနယ်တို၌ အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်
တိုအကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို တိမ်းရှောင်နေကြကြောင်း သိရသည်။