Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်မှအပ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ မထားဟု AA ဆို

ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်မှအပ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ မထားဟု AA ဆို

AB News – မတ်လ ၄၊ ၂၀၂၄

ရက္ခိုင်​​​ပြည်တွင်  ရက္ခိုင့်တပ်တော်မှအပ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ အခြေချခွင့် ပြုမည်မဟုတ်ကြောင်း  ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်သူက ယနေ့ မတ်လ ၄ရက်နေ့ ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ (ရက္ခိုင့်တပ်တော်) အနေနဲ့ ယခင်ကလည်း ရှင်းရှင်းလင်းလင်း ပြောထားတာတွေ ရှိတယ်။ ရက္ခိုင်ပြည်မှာ ရက္ခိုင့်တပ်တော်ကလွဲလို့ တခြားလက်နက်ကိုင် မည်သူ့ကိုမှ မထား” ဟု ပြောဆိုသည်။

ရက္ခိုင်ပြည်တွင် ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကိုလည်း ရက္ခိုင်ပြည်မှ မထွက်လျှင် ထွက်သွားမည့် နည်းပေါင်းစုံဖြင့် တိုက်ထုတ်သွားမည်ဟု ဆိုသည်။

ထိုနည်းအတူ မည်သည့်ရည်ရွယ်ချက်၊ ခေါင်းစဉ်တို့ဖြင့် မည်ကဲ့သို့ လက်နက်ကိုင်လာသည်ဖြစ်စေ ထိုကဲ့သို့ လက်နက်ကိုင်ပြီး ရက္ခိုင်ပြည်တွင် အခြေချလာပါက ရက္ခိုင့်တပ်တော်အနေဖြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခု မူဆလင်များကို စစ်သားသစ်စုဆောင်းနေခြင်းမှာ စစ်ကောင်စီသည် မူဆလင်များကို စစ်သင်တန်းပေးပြီး လက်နက်ငယ်များတပ်ဆင်ကာ အသေခံတပ်သားအဖြစ် စစ်တိုက်ခိုင်းရန် ပြင်ဆင်နေခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ကို မထိန်းချုပ်နိုင်ဘဲ ရက္ခိုင်မှ ဆုတ်ခွာမည့်ချိန်တွင် လက်နက်ကိုင်ပဋိပက္ခပြဿနာများ၊ လူမျိုးရေး အဓိကရုန်းများကို ဖန်တီးပြီး ထားခဲ့ရန် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းရက်များ၌   ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ယာ၊ တောင်ပြိုလက်ဝဲဗျူဟာများကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် စစ်ရှုံးနေပြီး တပ်ဆုတ်ထွက်ပြေးမည့် စစ်ကောင်စီသည် လက်နက်ခဲယမ်းများကို မူဆလင်အကြမ်းဖက်အဖွဲ့အစည်းတစ်ခုထံ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၁၀ သန်းဖြင့် ရောင်းချခဲ့သည်။

စစ်ကောင်စီအဖွဲ့မှ ရောင်းချ၊ လွှဲပေးခဲ့သည့် လက်နက်ခဲယမ်းများကိုလည်း ဖေဖော်ဝါရီလအတွင်းပင် ရက္ခိုင့်တပ်တော်က ထိုအကြမ်းဖက်အဖွဲ့ကို ရှာဖွေတိုက်ခိုက်ကာ ရယူခဲ့သည်ကို တွေ့ရှိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ