သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ယခုအပတ် မိုးကြီးနိုင်ကြောင်း သတိပေး
ရက္ခိုင်တွင် ယခုအပတ် မိုးကြီးနိုင်ကြောင်း သတိပေး

AB News – သြဂုတ် ၁၈၊ ၂၀၂၅

ဒေဝီ

ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ယခုအပတ်အတွင်း ရက္ခိုင်အပါအဝင် တိုင်း နှင့် ပြည်နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။

သြရိသပြည်နယ် (Odisha) ၏ တောင်ဘက်နှင့် အန်ဒရာပရာဒက် (Andhra Pradesh) ပြည်နယ်၏ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေသည်။

ယင်း၏အရှိန်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းများနှင့် ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ မွန်ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးရွာနိုင်သည်။

အထူးသဖြင့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းများအပြင် ကချင်၊ ရှမ်း၊ ချင်း၊ ရက္ခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ကမ်းပါးပြိုခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လိုအပ်သည်။

သြဂုတ်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်အတွင်း မြစ်ကြောင်းတစ်လျှောက်နေထိုင်သူများအနေဖြင့် မြစ်ရေကြီးမှုအန္တရာယ်ကို သတိပြုကာ ကြိုတင်ရှောင်ရှားနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်းလည်း အကြံပြုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ