
AB News – သြဂုတ် ၁၅၊ ၂၀၂၅
နွယ်စိုး
ရက္ခိုင်ပြည်အတွင်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီး မီးလောင်ပေါက်ကွဲခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပထမဖြစ်စဉ်မှာ သြဂုတ်လ ၁၂ ရက်နေ့က စစ်တွေနှင့် ပေါက်တောမြိုနယ်အစပ်၊ ဖဒူကျေးရွာအနီး ပန်းနံသာကျွန်းမှ ၁၂ ကီလိုမီတာ (၇ မိုင်) အကွာရှိ စစ်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက AB News သို ပြောသည်။
“မီးခိုးတွေ ထွက်နေတာတွေ့လို ကြည့်လိုက်တော့ စစ်သင်္ဘောအကြီးစားတစ်စီး မီးလောင်နေတာကို တွေ့ရတယ်။ စစ်တွေမြိုကနေဆိုရင်တော့ မိုင် ၅၀ လောက်ရှိတယ်။ ပေါက်တောမြိုနဲ့ နီးတယ်။ အဲဒီသင်္ဘောက မကြာခဏ ပစ်ခတ်တာတွေရှိတယ်” ဟု ဆိုသည်။
အလားတူ ဒုတိယဖြစ်စဉ်မှာ သြဂုတ်လ ၁၀ ရက်နေ့ကလည်း ရက္ခိုင် – ဧရာဝတီအစပ် ဂွမြိုနယ်၊ ကျောက်ချွန်နှင့် ဘောမိကြားတွင် စစ်ကောင်စီသင်္ဘောတစ် ၁ စီးသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် မီးလောင်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ယင်းသင်္ဘောသည် မီးလောင်ပေါက်ကွဲပြီးနောက် နံ့သာကျွန်းအနီးတွင် တဖြည်းဖြည်းနစ်မြုပ်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ် သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မြိုနယ်များအပါအဝင် မြိုပေါင်း ၆၃ မြိုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ရေကြောင်းမှတစ်ဆင့် စစ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။
ဩဂုတ်လ ၂ ရက်နေ့တွင်လည်း သံတွဲမြို၊ ဂျိတ္တောကို စစ်ကော်မရှင်တပ် (Navy) က လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် ရက္ခိုင်ပြည်ရှိ ၁၇ မြိုနယ်အနက် ၁၄ မြိုနယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြိုတိုကိုပါ သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိသည်။
စစ်ကော်မရှင်တပ်ကမူ AA သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မြိုနယ် ၃ ခုတွင် စစ်အင်အားဖြည့်တင်းပြီး အသင့်အနေအထားပြင်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။