Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ဇန်ဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ဦး  ပြင်းထန်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၇၊ ၂၀၂၄

 ရက္ခိုင်ပြည်တွင် ဇန်ဝါရီလ ပထမအပတ်အတွင်းစစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ဦး  ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ကျောက်တော်မြိုနယ်၊ ညောင်ပင်လှကျေးရွာမှ ဒေါ်မကျော့သိန်း အသက် ၅၉နှစ်၊ ရသေ့တောင်မြို၊ အရှေ့မြောက်ရပ်ကွက်မှ ဦးအောင်ဘသာ၏ သား ဦးကိုးလ ခေါ် ဦးဘတင်ဝင်း အသက် ၅၅ နှစ်နှင့် ရသေ့တောင်မြို၊ အရှေ့မြောက်ရပ်ကွက် ဘေးလုံးကွင်းရွာသစ်မှ ဦးမြင့်သိန်း၏ သား မောင်ဆန်းလင်း ၂၂နှစ်တို ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ရက် ၃ နာရီဝန်းကျင်ခန့်တွင် ဦးဘတင်ဝင်းသည် ကျောက်ပြင်ဆိပ်ဘုန်းတော်ကြီး ကျောင်းအနီး နွားကျောင်းနေစဥ် အကြမ်းဖက်စစ်ကောင်စီအဖွဲ ခမရ ၅၃၈ တပ်ရင်းမှ ထောင်ထားသည့်မိုင်းကိုနင်းမိပြီး ဦးဘတင်ဝင်း၏ ဘယ်ဘက်ခြေထောက်ပြတ်သွားခဲ့ ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် ကိုမောင်ဆန်းလင်းသည် ခမရ ၅၃၇တပ်ရင်း၏ အောက်ဘက် မြစ်နားသို ငါးရှာသွားရာတွင် စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး  ခြေ ၁ ဘက် လုံးဝပြတ်တောက်သွားခဲ့သည်။

ယမန်နေ့ ဇန်နဝါရီလ ၆ရက် နေ့လည် ၂နာရီခွဲအချိန်တွင် ဒေါ်မကျော့သိန်းသည် ဟင်းရှာထွက်ရာ သကြားစက်နှင့် ဘုရားတောင်ကြားလမ်းတွင် စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး ခြေ ၁ ဖက်လုံးဝ ပြတ်သွားပြီး နောက်တစ်ဖက်မှာလည်း ပြတ်လုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီအဖွဲသည် ရက္ခိုင်ပြည်၊ ကျောက်တော်မြိုအတွင်း အများပြည်သူအသုံးပြုသွားလာနေသော လမ်း၊ တံတားများတွင် မိုင်းများထောင်ထားသည့်အတွက် မြိုခံများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

ရက္ခိုင်ပြည်ရှိ မြို၊ ရွာများတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲသည် အများပြည်သူအသုံးပြုသွားလာနေသည့် လမ်း၊ တံတားများတွင် မိုင်းများထောင်ထားသည့်အတွက် ပြည်သူများမှာ စျေးသွားဝယ်ရန်ပင် အခက်အခဲရှိနေပြီး လမ်းမများပေါ်သို ထွက်ပါက မိုင်းနင်းမိမည့် အန္တရာယ်ကို ကြောက်ရွံနေကြသည်။

ထိုအပြင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ရသေ့တောင်မြိုရှိ ခမရ ၅၃၈ တပ်ရင်းအတွင်း ၎င်းတိုကိုယ်တိုင်ထောင်ထားသည့် မိုင်းကိုနင်းမိပြီး စကစတပ်သား ၂ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ဦး ခြေ၂ဘက်လုံး ပြတ်ထွက်သွားခဲ့သည်ဟု သိရှိရသည်။ 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ