Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီအဖွဲ့ ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်းဖြင့် တိုက်ခိုက်

ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီအဖွဲ့ ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်းဖြင့် တိုက်ခိုက်

AB News – ဖေဖော်ဝါရီလ ၁၀၊ ၂၀၂၄

ရက္ခိုင်တွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်းပြုကာ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AB News မှ စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ရက်၊ နံနက် ၈နာရီခွဲအချိန်မှ စတင်ကာ သိမ်တောင်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ် ၄၀ထက်မနည်း လူနေရပ်ကွက်များကို ပစ်ခတ်တိုက်ခဲ့သည်။

နံနက် ၁၀နာရီခွဲအချိန်မှ နေ့လည် ၂နာရီခန့်အချိန်ထိ စစ်ကောင်စီ၏ အမှတ် ၄၁ တိုက်ခိုက်ရေး စစ်သင်္ဘောမှ ရမ်းဗြဲမြို့ကို တရစပ် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီသည်အဖွဲ့သည် ရမ်း​ြဗဲမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယနေ့ နေလည် ၁နာရီခွဲအချိန်တွင် Jet Fighter ဖြင့် ၄ကြိမ်လာရောက်ဗုံးကြဲဲခဲ့ပြီး Mi-35 စစ်ရဟတ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ သိမ်တောင်ကုန်းဘုရားပေါ်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းမှ ယမန်နေ့၊ နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန်ခန့်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ