Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် မြို့တော်စစ်တွေကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေ

ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် မြို့တော်စစ်တွေကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေ

(ရက္ခိုင်ပြည်ရှိ မြို့ ၇မြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထား)

AB News – ဖေဖော်ဝါရီလ ၈၊ ၂၀၂၄

ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် ရက္ခိုင်​​ပြည်၊ မြို့တော်စစ်တွေကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော်က ရက္ခိုင်ပြည်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ လကျော်အတွင်း မြို့ ၇ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီသည် မြို့တော် စစ်တွေကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေသည်ဟု စစ်တွေမြို့ခံ ၁ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့က စပြီး ရက္ခိုင့်တပ်တော်က ရက္ခိုင့်ပြည် မြောက်ပိုင်းက မြို့ ၇မြို့ကို သိမ်းပိုက် သိမ်းပိုက်ခဲ့တယ်။ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စစ်တွေမြို့ကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေတယ်။ တပ်စခန်းတွေကို အခိုင်အမာ တည်ဆောက်နေသလို
စစ်တွေမြို့နယ်က ရွာအချို့ကိုလည်း နှင်ထုတ်ခဲ့တာရှိပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ရက်နေ့တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ အိုင်ဒင်၊ တံပတ်လှန်း၊ ပဒေသာရွာနှင့် စစ်တွေမြို့နယ်ရှိ ဝါဘိုကျေးရွာမှ ရွာသားများကို အပြီးသတ်ထွက်ခွာကြရန်  စစ်ကောင်စီအဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့သည်။

စစ်တွေမြို့နယ်ရှိ ရပ်ရွာများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများ နေ့စဥ်ပြုလုပ်ကာ ခြိမ်းခြောက် နှင်ထုတ်ခဲ့ပြီးနောက် ထိုရွာများတွင် အထိုင် ကာကင်းစခန်းများ အခိုင်အမာတည်ဆောက်လျက်ရှိသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လအတွင်း၌ ပလက်၀၊ ဆမီး၊ ပေါက်တောမြို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလတွင်လည်း မင်းပြားနှင့် တောင်ပြိုလက်ဝဲ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့ကို AA ကအချိန်တို အတွင်း ထိန်းချုပ်စိုးမိုးနိုင်ခဲ့သည်။

ယခုအချိန်တွင် မြောက်ဦးမြို့တွင် ခမရ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်းနှင့် ၅၄၀ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် လက်ကျန် အမှတ် ၃၁ ရဲတပ်ရင်းကို ရက္ခိုင့်တပ်တော်က ဝိုင်းဝန်းပိတ်ဆို့ထားသကဲ့သို့ ရမ်း‌ဗြဲမြို့ကိုလည်း မကြာမီအချိန်မှာပင် သိမ်းပိုက်နိုင်မည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းများမှ တဆင့် သိရသည်။

နှစ်လတာ ကာလအတွင်း ရက္ခိုင်ပြည်၊ မြောက်ပိုင်းတွင်မြို့ ၅ မြို့ကို ဆုံးရှုံးပြီးနောက် တောင်ပိုင်းသို့ စစ်မီးကူးစက်လာခဲ့ကာ ရက္ခိုင့်တပ်တော်က နေရာတိုင်းတွင် အင်အားအလုံးအရင်းဖြင့် စစ်မျက်နှာသစ်များ ဆက်လက်ဖွင့်လာခဲ့သောကြောင့် စစ်ကောင်စီတပ်သည် အရှုံးကြီးစွာဖြင့် ရင်ဆိုင်နေရသည်ကို တွေ့ရှိရသည်။

ရခိုင်တွင် စစ်ကောင်စီသည် စစ်ရေးနည်း‌ဗျူဟာပင် ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ရက္ခိုင့်တပ်တော်က ဖော်ဆောင်သည့် ထိုးစစ်ကိုသာ ခံစစ်ဖြင့်ခုခံနေရပြီး အချိန်တိုအတွင်း တပ်စခန်းများနှင့် ဗျူဟာများကို အလွယ်တကူ လက်လွတ်ဆုံးရှုံးနေရပြီဖြစ်ကြောင်း သိရသည်။

ရခိုင်မြို့နယ်များမှ တပ်ရင်းများကို ရက္ခိုင့်တပ်တော်က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကျန်သည့်နေရာများမှ တပ်စခန်းများကို ပိတ်ဆို့ကာ ထိုးစစ်ဆင်နေသောကြောင့် မြို့တော်စစ်တွေကို စစ်ကောင်စီက ​နောက်ဆုံးခံတပ်အဖြစ် မဆုတ်တမ်း ခံစစ်ပြင်​​နေရသည်အထိပင် အခြေအနေများ ဆိုးရွာလျက်ရှိသည်။

ညီနောင်မဟာမိတ် (၃) ဖွဲအနေဖြင့် သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ရေးရာလုံခြုံ‌ရေး၊ ကျားဖျင့်လုပ်ငန်းများပပျောက်စေရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အဝရရှိစေရေးတို့အတွက်လည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်သည့် နေရာဒေသများအား အုပ်ချုပ်စီမံရေးယန္တရားများကို လည်ပတ်အသက်ဝင်လာ‌စေရန်အတွက်လည်း အဖွဲ့အစည်းအတွင်းရှိသော လူ့အရင်းအမြစ်များနှင့် စတင်ဆောင်ရွက်နေကြောင်း သိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ