Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ဇာတ်ကားသရုပ်ဆောင် မောင်ယောင်း ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး

AB News – ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် မကျည်းချောင်းရွာတွင် ရက္ခိုင်ဇာတ်ကား သရုပ်ဆောင် မောင်ယောင်းအား ကားတစ်စီးမှ နောက်မှဝင်တိုက်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မကျည်းချောင်းရွာမှ အဖ ဦးမောင်သိန်း၏သား ဦးဇော်ငြိမ်းချမ်း (ခ) သရုပ်ဆောင် မောင်ယောင်း ဖြစ်သည်။

​ဖြစ်စဥ်မှာယမန်နေ့ ဒီဇင်ဘာလ ၁၁ရက် နေ့ ည ၈နာရီ ၁၅ မိနစ်တွင် မောင်ယောင်းနှင့် ၎င်း၏ညီ ဖြစ်သူတို့ အရက်အတူထိုင်သောက်ပြီး လမ်းဘေးရှိ ဆိုင်တွင် ဆေးလိပ်ဝယ်ရန်သွားစဥ် ဦးကျော်တင် ဝပ်ရှော့ဆိုင်အနီးတွင် အလယ်ချောင်းရွာမှ ကားပိုင်ရှင် ဦးအောင်ဆန်းမိုးကားဖြင့် နောက်မှ ဝင်တိုက်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက AB News သို့ပြောသည်။

“ကျနော်တို့ ၂ ​ယောက်ဆေးလိပ်ဝယ်ဖို့အပြင်သွားတယ်၊ ကားပိုင်ရှင်အောင်ဆန်းမိုးက ကားနဲ့နောက်ကနေပြီး ဝင်တိုက်တယ်၊ ပွဲချင်းပြီး သေဆုံးသွားပါတယ်” ဟု ဆိုသည်။

၎င်းတို့ ၂ ဦးသည် ရွာကိစ္စနှင့် ပြဿနာရှိခဲ့သည့်အတွက် ယခုလိုနောက်မှဝင်တိုက်သွားခဲ့ကြောင်း ရွာသားများက မှတ်ချက်ပေးပြောကြသည်။

ကားတိုက်ခံရ၍ သေဆုံးသွားသူ ရက္ခိုင်ဇာတ်ကားသရုပ်ဆောင်မောင်ယောင်မှာ အိမ်ထောင်ရှိပြီး သားသမီး ၂ ဦးရှိကြောင်း သိရသည်။

လက်ရှိတွင် ကားတိုက်မှု ကျူးလွန်သူအား ရက္ခိုင့်တပ်တော်၏ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ