Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်စစ်ပွဲတွင် ဖမ်းဆီးရထားသည့် စစ်သုံးပန်းများကို ရက္ခိုင့်တပ်တော်က နိုင်ငံတကာဥပဒေအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထား

AB News – ဖေဖော်ဝါရီလ ၁၁၊ ၂၀၂၄

ရက္ခိုင်စစ်ပွဲတွင် ဖမ်းဆီးရထားသည့် စစ်သုံးပန်းများကို နိုင်ငံတကာဥပဒေအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်၊ ညဥ့် ၁၀ နာရီ ၁၂မိနစ်အချိန်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “လက်နက်ချအညံ့ခံသောသူများ၊ အလံဖြူထောင်သောသူများနှင့် စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား ရက္ခိုင့်တပ်တော် အနေဖြင့် နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်” ဟု ဖော်ပြထားသည်။

ရက္ခိုင်စစ်ပွဲတွင် ဖမ်းဆီးရထားသည့် စစ်သုံးပန်းများကို ရက္ခိုင့်တပ်တော်က နိုင်ငံတကာဥပဒေအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ရက္ခိုင်နှင့် ပလက်ဝဒေသ ရက္ခိုင့်တပ်တော်၏ ထိုးစစ်များအောက်တွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကောင်းစွာလက်ခံပြီး ကောင်းစွာ ကျွေးမွေးထားသည်ကို ရက္ခိုင့်တပ်တော်လက်ထဲတွင်ရှိသည်ကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး အသိပင်ဖြစ်ပြီး စစ်သုံ့ပန်းများအပေါ်သဘောထားမှာ ယခင်လည်းဤသို့ ယခုလည်းဤသို့ပင်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ထိုးစစ်များ၌ ထိုးစစ်မစမီကပင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားလေ့ရှိပြီး  လက်နက်ချ အညံ့ခံရန်လည်း ထုတ်ပြန်ချက်များကို အကြိမ်ကြိမ်ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ထို့အပြင် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ